တပေါင်းလပြည့်နေ့တွင် မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ


Ministry of Information/ Naypyitaw / March 14, 2025
image_latest


မန္တလေး မတ် ၁၃

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်များတွင် အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်‌နေ့ ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်များသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ မန္တလေးမြို့ရှိ ဒေသခံပြည်သူများသည် မဟာမုနိဘုရားကြီးသို့ ဦးခိုက်ပူဇော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြကာ မြို့တွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ဘုရားနီဘုရားတို့တွင်လည်း ကုသိုလ်ပြုဆုတောင်းသူများဖြင့်လည်းကောင်း၊ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာ ပွားများနေကြသူများဖြင့်လည်းကောင်း စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မန္တလေးတောင်တော်ဆုတောင်းပြည့်မြတ်စွာဘုရားနှင့် အနီးပတ်ဝန်းကျင်ရှိ စေတီပုထိုးများ၌လည်း ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပလျက်ရှိရာ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မန္တလေးမြို့ဒေသခံ ကိုမင်းစိုးက “ဒီလမှာ တပေါင်းလပြည့်နေ့အပါအဝင် အစိုးရရုံးပိတ်ရက် ၅ ရက်ဖြစ်တဲ့အတွက် ကျွန်တော်တို့လိုဝန်ထမ်းတွေအပန်းဖြေလည်ပတ်ဖို့ အချိန်တွေ အများကြီးရရှိခဲ့ပါတယ်။ ဒီနေ့တပေါင်းလပြည့်နေ့မှာလည်း မန္တလေးမြို့က အထင်ကရဘုရားတွေကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ သမိုင်းဝင်ရွှေစာရံဘုရားပွဲ‌တော်ကို မိသားစုနဲ့ အတူတူသွားပြီး ဘုရားဖူးမယ်။ ဒုဋ္ဌဝတီမြစ်ထဲမှာ လှေစီးမယ်။ ပြီးရင် ‌ရေကစားမယ် ဟုပြောသည်။ 

အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မန္တလေးမြို့သူ၊ မြို့သားများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက်ဆင်နွှဲကြသည့်အပြင် အနီးပတ်ဝန်းကျင် ရှမ်းကုန်းမြေမြင့်မှ ရှမ်းတိုင်းရင်းသားများလည်း လာရောက်ပါဝင်ဆင်နွှဲကြပြီး အထူးစည်ကားလှသော ပွဲတော်ကြီးတစ်ခုဖြစ်သည်။

အဆိုပါဘုရားပွဲတော်တွင် တောင်ပေါ်၊ မြေပြန့်ဒေသထွက်စားသောက်ကုန်များ၊ မြန်မာ့ချည်ထည်ဝတ်စုံ၊ အထည်အမျိုးမျိုး၊ ကျေးလက်ဒေသထွက်ကုန်သီးနှံများ၊ ဆေးဖက်ဝင်အပင်များ၊ အသုံးအဆောင်ပစ္စည်းများ၊ မြန်မာမုန့်အမျိုးမျိုးနှင့် အမှတ်တရပစ္စည်းများရောင်းချသည့် ဆိုင်ခန်းများအပြင် အပန်းဖြေအနားယူနိုင်မည့် ‌‌အေးချမ်းသာယာသည့် ဒုဋ္ဌဝတီမြစ်ကမ်း‌ဘေးတွင်တည်ရှိသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

 မောင်အေးချမ်း

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download