တပ်ကုန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒသမကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ


Ministry of Information/ Naypyitaw / December 08, 2025
image_latest


တပ်ကုန်း ဒီဇင်ဘာ ၇

တပ်ကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ဒသမကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တပ်ကုန်းအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာ သင်ကြားပေးခဲ့ကြသည့် အသက် ၆၀ မှ ၈၀ အထက်ရှိ ဆရာ ဆရာမကြီးများ၊ ​ကျောင်းသား ကျောင်းသူ​ဟောင်းများ စုစုပေါင်း ၁၈၉ ဦး တက်ရောက် ကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူဟောင်းများက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုးကန်တော့ကြသည်။

ထို့နောက် ဒသမကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေမိုးက ကန်တော့ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုနှုတ်ခွန်းဆက် စကားပြောကြားပြီး အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ခင်က ပူဇော်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့က နှုတ်ခွန်းဆက်စကား​ ပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက အသက် ၇၅ နှစ်နှင့် အထက်ဆရာကြီး၊ ဆရာမကြီးများကို MRTV DTH စလောင်း၊ ဆက်စပ်ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များနှင့် ကျောင်းသုံးကိရိယာများ ပေးအပ်သည်။

ထို့​နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းသား ကျောင်းသူဟောင်းများအား MRTV DTH စလောင်းအစုံ ၃၀ ကို မဲဖောက်ပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့သည်။

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကြီးကို ၁၉၄၆ ခုနှစ်တွင် အခြေခံပညာမူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကာ ၁၉၅၂ ခုနှစ်တွင် အခြေခံပညာ အလယ်တန်း ကျောင်း၊ ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အခြေခံပညာအထက် တန်းကျောင်းအဖြစ် အဆင့်ဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အထက(၁)တပ်ကုန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်ကြသူများများစွာ ပေါ်ထွက်ခဲ့ပြီး လက်ရှိတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၉၂၄ ဦးကို ဆရာ ဆရာမ ၇၂ ဦးက သင်ကြားပေးလျက်ရှိသည်။ အာစရိယပူဇော်ပွဲကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3458 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download