တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / May 25, 2026
နေပြည်တော် မေ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၊ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ယနေ့လူငယ်နောင်ဝယ်လူကြီး"ဆိုသည့် စကားအတိုင်းနောင်လာမည့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်များကို ယခုကဲ့သို့တွေ့ဆုံအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ကျောင်းနေအရွယ် လူငယ်မောင်မယ်များသည် ပညာသင်ကြားရမည့်အရွယ်တွင် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ အခုကဲ့သို့ နွေရာသီအားလပ်ရက်များတွင် လူငယ်မောင်မယ်တို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတတွေတိုးပွားစေရန် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
သင်တန်းများကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းတွင် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းနှင့်လေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ် လေ့ကျင့်ပေးရခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများကတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို ပြုစုပျိုးထောင်မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်ကောင်းများကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့်ဝေဟင်တို့၏ အဓိကအရေးပါမှုကို သိရှိထားရန်လိုအပ်ကြောင်း။
လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးအင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံး သိရှိထားကြရန်မှာကြားလိုကြောင်း။
ပညာပြည့်ဝနှလုံးလှသည့် လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံးအဖော်မွန်သည် ပညာပင်ဖြစ်ကြောင်း၊ ပညာသည်သာ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားဆုံးဖြတ်လုပ်ကိုင်နိုင်သည့် ဉာဏ်ရည်ကိုထုဆစ်ပုံဖော်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာဟုဆိုသည့်နေရာတွင် အသိပညာ၊ အတတ်ပညာဟူ၍ ပိုင်းခြားသိမြင်နိုင်ရမည်ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာကိုပိုင်ဆိုင်ရန် အတန်းပညာသည် အဓိကအခြေခံပင်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများကတစ်ဆင့် လူသားတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူနေမှုအဆင့်အတန်းများသည်လည်း တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ယနေ့ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့ဆုံးကရပ်တည်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးဆောင်နိုင်ရန်အတွက် ပညာ၏လက်တွဲခေါ်ဆောင်မှုကတစ်ဆင့် လူသားတို့၏ ကြိုးစားအားထုတ်မှုများ၊ တီထွင်ကြံဆမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၍ တိုးတက်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း မြင့်မားစွာရပ်တည်ရှင်သန်နေကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် လူငယ်များဖြစ်စေရေး ကဏ္ဍစုံတွင် အားပေးဖော်ဆောင်လျက်ရှိကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် ပဲ့ထိန်းသဖွယ်တည်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ လူတော်ဖြစ်စေရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သကဲ့သို့ လူကောင်းဖြစ်စေရန်အတွက်လည်း စာရိတ္တအခြေခံကောင်းများ ပိုင်ဆိုင်ထားရန်လိုအပ်ကြောင်း၊ ၎င်းသည် စာရိတ္တဗလ၏ အရေးပါမှုကိုညွှန်းဆိုထားခြင်းပင်ဖြစ်ကြောင်း၊ လူငယ်မောင်မယ်တို့အနေဖြင့် ယခုလိုငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ စာရိတ္တကောင်းမွန်ရန်အတွက် လူငယ်မောင်မယ်တို့သည် သီလကောင်းသည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သီလကောင်းမွန်ပြီး အတ္တနှင့် ပရကို မျှတအောင် နေထိုင်ကျင့်ကြံဆောင်ရွက်နိုင်မှသာ စာရိတ္တမဏ္ဍိုင်၏ အခြေခံခိုင်မာမှုကို စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
လူငယ်မောင်မယ်တို့အနေဖြင့် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီဆိုပါက“ပညာပြည့်ဝနှလုံးလှ” သည့်အပြင် “စွမ်းအားလည်းညီခေတ်လည်းမီ”သည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်တွင် တစ်ပြိုင်တည်း ထွန်းတောက်လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့် လူငယ်မောင်မယ်တို့ နှလုံးသားတွင် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့သည် အမြဲရှင်သန်နိုးကြားနေရန်လည်း လိုအပ်ကြောင်း။
လူငယ်မောင်မယ်တို့အနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အပြည့်အဝရှိသည့် မျိုးဆက်သစ်များပီပီ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်အောင် စတင်ကြိုးစားလျှောက်လှမ်းသွားကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြားလိုကြောင်း။
စာပေသည် လူသားတို့၏နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးပမာ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုသည့်နေရာတွင်လည်း မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် နှလုံးအာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ယနေ့ Social Media အင်အားကြီးထွားလာမှုအပိုင်းတွင် အဆိပ်သင့်စာပေများသည် နေရာအနှံ့ကနေ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ကြပြီး Social Media များနှင့် ပိုမိုနီးစပ်သွား ကြသည့်အတွက် Social Media တွေကတစ်ဆင့် အဆိပ်သင့်သတင်းများ၊ အဆိပ်သင့်စာပေများသည် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားနှင့်အသိတရားကို အင်အားကြီးမားစွာဖြင့် ချေမွဖျက်ဆီးပစ်နိုင်သည်ကိုလည်း လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန်လိုအပ်ကြောင်း။
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည်ကို တွေ့မြင်လာရကြောင်း၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် လူငယ်မောင်မယ်တို့သည် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကိုစတင်ပျိုးထောင်သွားကြရန်လိုကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိနှလုံးသားက ပိုင်းခြားဆုံးဖြတ်ပေးသွားခြင်းဖြစ်ကြောင်း။
ပညာပြည့်ဝသည့် လူသားတစ်ယောက်၏ စိတ်နှလုံးသားသည် အရာရာကိုမှန်မှန်ကန်ကန်နှင့် ရှုမြင်ပိုင်းခြားဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်တို့အနေဖြင့် ပညာဆိုသည့် အဖော်မွန်ကိုလက်တွဲပြီး နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည့် နောင်ဝယ်လူကြီးများဖြစ်အာင် ကြိုးစားကျင့်ကြံသွားကြရန်မှာကြားလိုကြောင်း။
အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ရန် ယခုအရွယ်ကတည်းကစတင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသွားကြရန်၊ မိမိဘဝကိုပညာနှင့်အဖော်ပြုပြီး ကောင်းအောင်တည်ဆောက်ကြရန်၊ မိမိတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့်အတွေ့အကြုံများစွာထဲက ကောင်းသည့်အချက်များကိုဆောင်ပြီး မကောင်းသည့်အချက်များကို ရှောင်ရှားကာ မိဘများက ဂုဏ်ယူရသော၊ နိုင်ငံတော်ကအားထားရသော “စွမ်းအားလည်းညီခေတ်လည်းမီ” သည့် နောင်ဝယ်လူကြီးများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မဖြိုးသဉ္ဇာလင်းနှင့် လေကြောင်းလူငယ်သင်တန်းမှ မဝင်းသိင်္ဂီ တို့က သင်တန်များတွင် တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြပြီး ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းလူငယ်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းတို့မှ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူနည်းပြများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3537 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
