တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်
Ministry of Information/ Naypyitaw / July 23, 2025

နေပြည်တော် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ သပိတ်ကျင်းမြို့သည် မန္တလေးတိုင်းဒေသကြီး၏ မြောက်ဘက်အကျဆုံးမြို့နယ်ဖြစ်သည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ မြို့များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်၌ရှိသော သင်္ဘောဆိပ်မြို့လည်းဖြစ်သည်။ သပိတ်ကျင်းမြို့သည် မန္တလေးမြို့နှင့် ရေကြောင်းအားဖြင့် ၇၇ မိုင်ခန့်သာဝေးကွာပြီး မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနား အစုန် - အဆန်သွားလာနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ သင်္ဘောကြီးများနှင့် မန္တလေးနှင့် သပိတ်ကျင်း အစုန် - အဆန်သွားလာနေသည့် ကူးတို့သင်္ဘောငယ်များလည်းရှိသဖြင့် ရေကြောင်းသွားလာရေးနှင့် ကုန်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ကုန်းလမ်းကြောင်းအနေဖြင့် မိုးကုတ်မြို့နှင့် မိုင် ၄၀ ခန့်၊ မန္တလေးမြို့နှင့် မိုင် ၆၀ ခန့်ဝေးပြီး ယင်းမှတစ်ဆင့် မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားစသည့် ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲ၊ သီပေါစသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဆက်သွယ်သွားလာနိုင်သည့် အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုသို့အချက်အချာကျသည့် သပိတ်ကျင်းမြို့အား မိုးမိတ်၊ မိုးကုတ်မြို့နယ်မှတစ်ဆင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍ သပိတ်ကျင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ်ရင်း/ တပ်ဖွဲ့နှင့် မြို့/ ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့အား အကြမ်းဖက်သောင်းကျန်းသူများ၏ လက်တွင်းသို့ မကျဆုံးစေရေးအတွက် မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းကြောင့် ကြားခံစစ်အဆင့်ဆင့်ဖြင့် ဆုတ်ခွာခဲ့ပြီး ၇ မိုင်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ်၌ မဆုတ်တန်းခံစစ်အဖြစ် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံစစ်ဆင်နွဲ၍ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်အရှိန်ကို ရပ်တန့်စေခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်ရေး လိုအပ်သည့် စစ်ရေးပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်များကို လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်ဖြင့် အချိန်ယူဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူအချို့နှင့် ရေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပူးပေါင်းကာ မြေပြင်/ ဝေဟင်/ ရေပြင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်းဖော်ထုတ်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ဖြင့် တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေရှင်းလင်းခဲ့ပြီး တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် ၅ မိုင်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင် ကျေးရွာနှင့် အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ယနေ့တွင် သပိတ်ကျင်းမြို့အား တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကို မြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၅၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် သပိတ်ကျင်းမြို့နှင့် ၎င်းဒေသအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသူ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူမျာ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းမျ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသည့် လမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်းမြို့အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး မြို့တွင်းမိုင်းရှင်းလင်းခြင်းလုပ်ငန်းများ စတင်ရှင်းလင်းခြင်းနှင့် မိမိတို့၏ အိုးအိမ်နေရာများသို့ ပြန်လည်နေထိုင်လိုပြီး ရိုးသားစွာ မိမိတို့၏ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်လိုသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ စနစ်တကျသတင်းပို့၍ နေထိုင်နိုင်ရေး သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အောင်ပွဲရ တိုက်ပွဲဝင် မြန်မာ့တပ်မတော်သားများအား ဂုဏ်ယူစွာဖြင့် ရရှိသတင်းများကို ဖော်ပြအပ်ပါသည်။
Newspaper - 3287 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download