တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး မန္တလေး - မတ္တရာ - သပိတ်ကျင်း-တကောင်း- ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့


Ministry of Information/ Naypyitaw / May 06, 2026
image_latest


နေပြည်တော် မေ ၆

တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းစေရန် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် ဒေသများ၌လည်း အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် မြို့၊ ရွာများအား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်၍ ပြည်သူအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အပိုင်းလိုက် ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း-  မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်အား အပြည့်အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မန္တလေးမှ မြစ်ကြီးနားသို့ ဆက်သွယ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး အဆိုပါလမ်းကြောင်းအား အသုံးပြု၍ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ သွားလာနေထိုင်မှု၊ ကုန်စည်စီးဆင်းမှုများကို လွယ်ကူမြန်ဆန်စေကာ စီးပွားရေးအခွင့်အလမ်းများကို တိုးတက်စေသည့်အပြင် ကုန်စည်ပို့ဆောင်ရာတွင်လည်း ပိုမိုမြန်ဆန်တိုးတက်လာသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များ သက်သာ၍ ဒေသခံပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ပြီး ဒေသအချင်းချင်း ဆက်သွယ်မှုကိုလည်း ခိုင်မာစေခဲ့သည်။ ထို့ပြင် အဆိုပါလမ်းကြောင်းသည် ကျေးလက်ဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပြဈေးကွက်များသို့ ပို့ဆောင်ရာတွင်လည်း အရေးပါသည့်လမ်းကြောင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီရန် အထောက်အကူပြုသည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးဝင်သည့်လမ်းကြောင်းလည်း ဖြစ်သည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် မြို့/ရွာ/ဒေသအချို့ကို ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ကာ အဆိုပါ အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ်ဆို့လိုက်သည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံးပစ္စည်းများ မရောက်ရှိတော့ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်ပြီး ကုန်ချောများလည်း ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းလာသည့်အပြင် အကြမ်းဖက်သမားများ၏ အနိုင်ကျင့်နှိပ်စက်မှုများကိုလည်း ခါးသီးစွာခံစားခဲ့ကြရပြီး ၎င်းတို့၏ ဇာတိမြို့ရွာများမှ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများဆောင်ရွက်ပြီး စနစ်တကျစုဖွဲ့ပြင်ဆင်၍ စစ်နည်းဗျူဟာမြောက် ဟန်ချက်ညီညီဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများအား တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်သိမ်းပိုက်ခဲ့ရာ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့၏ အရှေ့ဘက်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ်လ ၂၄ ရက်နှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံအား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးဒေသအား နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူးဒေသအား ဒီဇင်ဘာ ၁၉ ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း ဆက်သွယ်ရေးလမ်းပိုင်းအားလည်းကောင်း၊ တကောင်းမြို့အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး- မတ္တရာ-သပိတ်ကျင်း-တကောင်းလမ်းပိုင်းအားလည်းကောင်း၊ တကောင်း- ထီးချိုင့်လမ်းကြောင်းအား မတ် ၂၅ ရက်တွင်လည်းကောင်း၊ ထီးချိုင့်- ကသာ လမ်းကြောင်းအား ဧပြီလ ၁၆ ရက်တွင် လည်းကောင်း၊ အင်းတော်မြို့အား ဧပြီလ ၃၀ ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေးမြို့မှ အင်းတော်မြို့အထိ ဆက်သွယ်ရေးလမ်းကြောင်းအားလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ခက်ခက်ခဲခဲ ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ကာ မေလ ၅ ရက်နေ့တွင် မော်လူးမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် ပြန်လည်ချိတ်ဆက် ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်စည်ပို့ဆောင်သည့်မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မိမိအသက်ကိုပဓာနမထားဘဲ ရင်ကို မြေကတုတ်လုပ်၍ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝိရိယနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် စစ်နည်းဗျူဟာမြောက် ရွပ်ရွပ်ချွံချွံ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁ နှစ် နှင့် ၃ လကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်သူ့ထံမှ အလောင်း ၁၃၈ လောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အဆိုပါဒေသများအား ယာယီထိန်းချုပ်ထား စဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ရယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၌ မိုင်းထောင်ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ရုံထုတ်ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအဖြစ် အသုံးချခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ လမ်းတံတားများအား ယုတ်မာရိုင်းစိုင်းစွာ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုတ်ယုတ်နိမ့်ကျခဲ့ရပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် များစွာနစ်နာဆုံးရှုံးခဲ့ရကာ ဆင်းရဲဒုက္ခများ ခံစားခဲ့ရသည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လူမှုစီးပွားဘဝ အဘက်ဘက်မှ ချွတ်ခြုံကျခဲ့ရသည့် ပြည်သူများအနေဖြင့်လည်း စစ်ပွဲ၏အနိဋ္ဌာရုံများကို လက်တွေ့သိမြင်ခံစားရခြင်း၊ အကြမ်းဖက်မှုများကို လက်မခံနိုင်တော့ခြင်းများနှင့် ရပ်ရွာဒေသကို ယခင်အတိုင်း အေးချမ်းသာယာစွာ ရှိနေစေလိုခြင်းတို့ကြောင့် အကြမ်းဖက်သမားများ၏ သတင်းများကို တပ်မတော်ထံသို့ လျှို့ဝှက်စွာသတင်းပေးပို့၍ တပ်မတော်နှင့် ပူးပေါင်းလာကြသည်။ ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာခဲ့ကြပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အမည်ခံ အဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့ကလည်း အကြမ်းဖက်လုပ်ရပ်များကို နှိမ်နင်းနိုင်ရေးအတွက် အကြမ်းဖက်သမားများ၏ သတင်းများကို တပ်မတော်သို့ ပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်လာကြကြောင်း သိရှိရသည်။

ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့၊ ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ သည့်အတွက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်း ကုန်စည်စီးဆင်းကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက် နိုင်ပြီဖြစ်ကာပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ် များစွာဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာ နေ့မအား ညမနား အစွမ်းကုန်ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် အောင်ပွဲရတပ်မတော်သားများအား လမ်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် လှိုက်လှဲဝမ်းသာစွာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည့် မြင်ကွင်းများမှာလည်း ငြိမ်းချမ်းမှု၏ အနှစ်သာရကို ကိုယ်တိုင်ခံစားသိမြင်ရသည့် ဒေသခံပြည်သူများ၏ ဝမ်းသာ ဂုဏ်ယူကြိုဆိုမှုများပင်ဖြစ်သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများနှင့် စာသင်ကျောင်းများနှင့် လမ်းတံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိသည်။ NUG ၊ CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုများကြောင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် PDF အမည်ခံ အဖွဲ့ဝင်များအနေဖြင့်လည်း ၎င်းတို့ကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ များစွာနစ်နာဆုံးရှုံး၍ ထိခိုက်နစ်နာခဲ့ရသည်မှာ လက်တွေ့ပင်ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်ဆန္ဒရှိပြီး နိုင်ငံတော်ကို အမှန်တကယ်အကျိုးပြုလိုပါက နီးစပ်ရာလုံခြုံရေးတပ်/စခန်းများနှင့် ချိတ်ဆက်၍ အမြန်ဆုံး အလင်းဝင်ရောက်သင့်ပါကြောင်းတိုက်တွန်းနှိုးဆော်ကာ မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း-မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download