တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)ဆောင်ရွက်
တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)ဆောင်ရွက်
Ministry of Information/ Naypyitaw / April 25, 2025

နေပြည်တော် ဧပြီ ၂၅
တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ပြုလုပ်ရာ အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ်တို့ကို ခွဲစိတ်ကုသခြင်းဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၃ နာရီခွဲခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ခွဲစိတ်ကုသမှုများကို ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦး၊ ၂၀၂၄ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း လူနာ ၃ ဦးတို့အား အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခု နဝမအကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3144 items

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download