တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
Ministry of Information/ Naypyitaw / January 02, 2025
နေပြည်တော် ဇန်နဝါရီ ၂
နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MNDAA/ TNLA/ KIA အကြမ်းဖက်သောင်းကျန်းသူ များနှင့် PDF အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အချို့ဒေသများသို့ ပြည်မအတွင်းမှ စက်သုံးဆီများ သယ်ဆောင်ရောင်းချနိုင်ခြင်းမပြုနိုင်စေရေးအတွက် ပိတ်ဆို့တားဆီးထားရှိသော်လည်း အချို့သော ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာနေရာများ ပြုလုပ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိရသည်။
စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများ ပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ၁၃၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း (တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း (တိမ်းရှောင်) ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့်ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
စိစစ်ဖော်ထုတ်ချက်များအရ တရားမဝင်စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား (ရတနာပုံ) အား ဖြတ်သန်း၍ စစ်ကိုင်း - ရှိန်းမကား - ကမ်းဖြူ - သစ်စိမ့်ကြီးသို့ စစ်ကိုင်း - ရွှေဘိုအမှတ် (၃) ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/ PDF အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့လည်းကောင်း အသီးသီးပို့ဆောင်ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှလည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုအပေါ်မူတည်၍ တရားဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှတစ်ဆင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှုများပြုလုပ်ကာ အရေအတွက်များပြားလာပါက တရားမဝင်ဆီသိုလှောင်ခြံများသို့ သွားရောက်ရောင်းချမှုများ ပြုလုပ်ကြသည့်အတွက် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်းများ ပေါ်ပေါက်နေပြီး တရားမဝင်ဈေးကွက်တစ်ခုသဖွယ်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်တွင်းဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်၍ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သို့ဖြစ်၍ တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်ခဲ့သည့် တရားခံ ၁၇ ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့်ယာဉ်များနှင့် စက်သုံးဆီများအား စိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
Newspaper - 3034 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download