တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / February 13, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် အိုးပေါက်ကျေးရွာအနီး၌ တရားမဝင် အခြားသစ် ၂ ဒသမ ၀၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ မကွေးမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hilux Tiger မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် ကညင်ကြီးကျေးရွာနှင့် မလွန်စမ်းကျေးရွာကြား၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ သယ်ဆောင်လာသည့် Loncin-125 မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၄၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် ဆိပ်ဖူးကျေးရွာ၌ လိုင်စင်မဲ့ Forland Truck မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၃၂၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၆၁၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းအနီး၌ လိုင်စင်မဲ့ Toyota Estima မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၇၀၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၂ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၃၇၅၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၅၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉၇၀၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၄၅၆၂၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3076 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download