တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင် ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင် ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / September 25, 2025

နေပြည်တော် စက်တင်ဘာ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၆၄၈ တန်၊ အခြားသစ် ၂၀ ဒသမ ၅၀၉ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄၄၆၃၅ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် ရတနာပုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကော့သောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်အတွင်း၌ ကျွန်းသစ် ၁ ဒသမ ၀၄၃ တန်၊ အခြားသစ် ၀ ဒသမ ၆၈၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၁၂၁၅) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရလည်းကောင်း၊ ပဲခူးအရှေ့မြို့ရှောင်လမ်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၆၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၆၅၁၂၁၅ ကို အမှုတွဲဖွင့်လှစ်ထားရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်တွင် မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက် (၁၁) လမ်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၀၀၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် မုတ္တမမြို့ ကျွဲခြံရွာသံလွင်မြစ်ကမ်းအနီးမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀၂ မျိုး၊ စားသောက်ကုန်ပစ္စည်း ၃၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁၁၇၁၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်တွင် သံလွင်တံတား (မော်လမြိုင်) ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၃၉၂၁၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၅၁ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၇ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၇၃၄၂၃၈၁) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Triple Sky ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၇၃၄၂၃၈၁ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် မူဆယ်မြို့ ဆင်ဖြူဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၇၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၄၄၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၁၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Wish တစ်စီး၊ Sunlong Bus တစ်စီး၊ Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၁၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ၂၂ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၆၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၄၆၇၃၇၃၁ ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
Newspaper - 3296 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download