တရုတ်နိုင်ငံ ပေကျင်းတက္ကသိုလ်၌ မြန်မာနိုင်ငံစာရေးဆရာအဖွဲ့က စာပေရေးရာများ ဟောပြော


Ministry of Information/ Naypyitaw / September 16, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံခေတ်ပေါ်စာပေပြတိုက်သို့ သွားရောက်လေ့လာရာ တရုတ်နိုင်ငံ ခေတ်ပေါ်စာပေပြတိုက်၏ ပြတိုက်မှူး ဝမ်ကျင်း (Wang Jin) နှင့်အဖွဲ့မှ ကြိုဆိုကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသော တရုတ်နိုင်ငံ စာပေပညာရှင်များ၏ စာပေလက်ရာများ၊ အမှတ်တရပစ္စည်းများ၊ တရုတ်စာပေသမိုင်းအချက်အလက်များကို အသေးစိတ်လိုက်လံရှင်းလင်းပြသပေးသည်။

ထို့နောက် တရုတ်နိုင်ငံ ခေတ်ပေါ်စာပေပြတိုက်၏ အစည်းအဝေးခန်းမ၌ တရုတ်နိုင်ငံစာရေးဆရာအသင်းအတွင်းရေးမှူး ကောပေါင်းစိန် (Guo Bang Sheng)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က တက်ရောက်လာသူများအား နှစ်ဖက်အပြန်အလှန်မိတ်ဆက်ပေးကြပြီး အမှာစကားအသီးသီးပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် ယင်းနေ့မွန်းလွဲ ၂ နာရီတွင် ပေကျင်းတက္ကသိုလ်၊ နိုင်ငံခြားဘာသာကောလိပ်၊ အရှေ့တိုင်းဘာသာစကား မြန်မာစာဌာနသို့ သွားရောက်၍ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ မြန်မာစာအထူးပြုကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံခဲ့ရာ တက္ကသိုလ်အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ် လီဖန်းမင် (Li Feng Min) နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က “မြန်မာခေတ်ပေါ် ကဗျာရေစီးကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အကြီးကိုကိုက “မြန်မာလူငယ်စာပေနဲ့ အနာဂတ်ခရီး” ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေရေးရာများ အသီးသီးဟောပြောကြပြီး ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3535 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download