တရုတ်-အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
တရုတ်-အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
Ministry of Information/ Naypyitaw / November 25, 2025
နေပြည်တော် နိုဝင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့ရှိ China-ASEAN Legal Research Center ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၁ ရက်၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ (China-ASEAN Legal Cooperation Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီတွင် Chongqing Yuzhou Hotel ရှိ Changjiang Hall ၌ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဌာနကြီးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး၊ တရုတ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်း၏အတွင်းရေးမှူး Mr. Chen Wenqing ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဌာနကြီးအဖွဲ့ဝင်၊ ချုံချင့်မြို့ မြူနီစပယ်ကော်မတီ၏ အတွင်းရေးမှူး Mr. Yuan Jiajun၊ အာဆီယံနိုင်ငံများမှ ဥပဒေနှင့်တရားရေးရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးချုပ်များ၊ တရားသူကြီးချုပ်များ၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများ၊ တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Professor Zhang Xiao Jun နှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ဥပဒေပညာရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဥပဒေသုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံအကြား လက်တွဲညီညီ အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် အာဆီယံနိုင်ငံများနှင့်လည်း ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း၊ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီး ဌာနတို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများဖြင့် ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်စွာ တည်ဆောက်ပြီး ဥပဒေရေးရာဆန်းစစ်မှု၊ ပြန်လည်သုံးသပ်မှု၊ လက်တွေ့အကောင်အထည်ဖော်မှုများ၊ ပညာတော်သင်များစေလွှတ်မှု၊ ဥပဒေရေးရာ သင်တန်းများပို့ချမှုတို့ကို နားလည်မှုစာချွန်လွှာနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် China Law Society မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Yin Baohu ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3360 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
