တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂ဝ ကျော်ပိတ်ထားရသည်ဟု မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒဖြန့်
တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂ဝ ကျော်ပိတ်ထားရသည်ဟု မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒဖြန့်
Ministry of Information/ Naypyitaw / July 01, 2025

နေပြည်တော် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ဇွန် ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦး သေဆုံးပြီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော်ပိတ်ထားရသည်ဟု တရားမဝင် ပြည်ဖျက် မီဒီယာများက သတင်းတုသတင်းမှားများ မဟုတ်မမှန် လုပ်ကြံစွပ်စွဲရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်ကိုစိစစ်ရာ မင်းလှမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်း သိရသည်။
ထို့ပြင် မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း စုစုပေါင်း ၁၅၅ ကျောင်းရှိသည့်အနက် အခြေခံပညာ မူလတန်းကျောင်း (ဆားချောင်းလေး) နှင့် အခြေခံပညာမူလတန်းကျောင်းခွဲ (ကျွန်းကုန်း)တို့ကိုသာ ပိတ်ထားပြီး ကျန်အခြေခံပညာစာသင်ကျောင်း ၁၅၃ ကျောင်းကို ပုံမှန်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းကျောင်း (ဆားချောင်းလေး) သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်မှစ၍ လုံခြုံရေးအခြေအနေပိတ်ထားခြင်းဖြစ်ပြီး အခြေခံပညာမူလတန်းကျောင်းခွဲ (ကျွန်းကုန်း) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများမရှိသည့်အတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားခြင်းသာဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းတုသတင်းမှားများ မဟုတ်မမှန်လုပ်ကြံရေးသားပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်မြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။
သိမ့်သိမ့်
Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
