တိုင်းချစ်ပြည်ချစ်စိတ်မြင့်မား နိုင်ငံရေးနှင့် နိုင်ငံ့အရေးကွဲပြား


Ministry of Information/ Naypyitaw / February 05, 2026
image_latest


မြန်မာအဘိဓာန်တွင် နိုင်ငံရေးဟူသော ဝေါဟာရအား “နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံနှင့် စပ်ဆိုင်သောအရေးကိစ္စဆိုရာ၌ ပါတီအနေဖြင့် ပါတီနိုင်ငံရေး၊ လူပုဂ္ဂိုလ်အနေဖြင့် ပုဂ္ဂလိကနိုင်ငံရေးဟူ၍ ယုံကြည်ချက်၊ ခံယူချက်အလိုက်ဆောင်ရွက်သော နိုင်ငံရေးလည်းရှိသည်။ အဆိုပါနိုင်ငံရေးထက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရသည့် နိုင်ငံ့အရေးသည် ပိုမို၍လေးနက်တည်ကြည်ပြီး အနှစ်သာရပြည့်ဝသော နိုင်ငံရေးဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့အရေးနှင့် ပတ်သက်၍ “မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်း တွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ ဖြစ်တည်မှုပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန်လိုသည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းကို အလေးပြုသီဆိုခြင်းသည် နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားလေးစားကြောင်း သက်သေပြခြင်းဖြစ်သည်။ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သီဆိုခြင်းပြုလုပ်သည့်နေရာတွင် အလေးမပြု၊ မသီဆိုသူအချို့ရှိခဲ့သည်ဟု စိတ်မကောင်းဖွယ်ကြားသိရသည်။ တိုင်းပြည်ချစ်စိတ်အားနည်းနေသည်ကို ဖော်ပြခြင်းဖြစ်သည်။

တိုင်းပြည်ချစ်စိတ်သည် နိုင်ငံသားအားလုံးတွင်ရှိရမည့် အရေးကြီးသော စိတ်ထားဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံ့အရေးနှင့်ယှဉ်ပါက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကို ချန်ထားပြီး နိုင်ငံ့အရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများ၊ ပဋိပက္ခများကို ကြည့်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပေါ်အစွဲပြု၍ လုပ်ဆောင်ခဲ့သည်ကို တွေ့နိုင်သည်။ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ရသူများဖြစ်၍ ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်သည်။ ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနည်းဆုံးအခြေခံပညာတတ်မြောက်ထားပြီးသူ များဖြစ်၍ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်ကိုချစ်ရာရောက်မည်ဖြစ်သည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အဖွဲ့အစည်းစွဲများကင်းရှင်းပြီး တိုင်းပြည်အကျိုးကို ရှေးရှုဆောင်ရွက်မှသာ Good Governance, Good Government ဖြစ်ပြီး စည်းကမ်းပြည့်ဝသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် အစိုးရတာဝန်ထမ်းဆောင်ချိန်တွင် အချို့သော သစ္စာမဲ့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် လုပ်ငန်းခွင်များမှ စွန့်ခွာသွားကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းအများစု လုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသဖြင့် ပြည်သူအများ ကြီးမားစွာ ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရသည်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုအကျပ်အတည်းများကြားမှ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအခြေအနေသို့ရောက်အောင် ရုန်းကန်ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ မပျက်ပြားအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူ နိုင်ငံသားများအားလုံးအနေဖြင့် ဖြတ်သန်းလာခဲ့သော နိုင်ငံ့သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားမပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို မရောထွေးဘဲ ခွဲခြားရှုမြင်ဆောင်ရွက်မှသာ တိုင်းချစ်ပြည်ချစ်စိတ်များ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download