တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်
တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်
Ministry of Information/ Naypyitaw / March 25, 2025
နေပြည်တော် မတ် ၂၄
ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာနားလည်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများ တိုးပွားစေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊ အင်္ဂလိပ်စာအခြေခံနှင့် စကားပြောသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများစသဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌လည်းကောင်း အသီးသီးဖွင့်လှစ်ရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဦးစွာတိုင်းမှူးများက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးများက နွေရာသီသင်တန်းများတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌လည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
