တိုင်းစစ်ဌာနချုပ်အသီးသီး၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / March 29, 2026
image_latest


နေပြည်တော် မတ် ၂၈

(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားများကို မတ် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပ ပြုလုပ်ကြသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်မိန့်ခွန်းပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများ တွင် ဆုရရှိကြသူများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ၊ သင်တန်းများတွင် ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသူများနှင့် အဆင့်တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တပ်မတော်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီးပြုလုပ်ခဲ့ကြသည်။

အလားတူ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များတွင် လည်း (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3484 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download