တိုင်းဒေသကြီးနှင့် ပြည်နယ်သိုင်းပြိုင်ပွဲဖွင့်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် တက်ရောက်
တိုင်းဒေသကြီးနှင့် ပြည်နယ်သိုင်းပြိုင်ပွဲဖွင့်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် တက်ရောက်
Ministry of Hotel & Tourism/ နေပြည်တော် / August 19, 2025

ရန်ကုန် ဩဂုတ် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့ များနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ များနှင့် အားကစားသမားများတက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အ.ထ.က(၂) လသာ မှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပထမနေ့ပွဲစဉ်အဖြစ်အမျိုးသား ဗန်တို အတိုက်ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ညနေ့ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ မြန်မာနိုင်ငံကခရစ်ကက်အဖွဲ့ချုပ်သို့လည်းကောင်း၊ ခြင်းလုံးအားကစားလေ့ကျင့်ရေးရုံ သို့လည်းကောင်း၊ ဝူရှူးအားကစားလေ့ကျင့်ရေးရုံသို့လည်းကောင်း၊ မြားပစ်အားကစားကွင်းသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ရန်ကုန် မြို့ရှိ အင်းလျားလိတ်ဟိုတယ်သန့်ရှင်းသာယာလှပရေးနှင့် ဝန်ဆောင်မှုပေးနေမှု၊ ဟိုတယ်အဆင့် အတန်းနှင့်အညီ ခင်းကျင်းထားရှိသည့် ဟိုတယ်သုံးနှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ဆိုင်များ၊ စားသောက်ခန်းမများ၊ ရေကူးကန်၊ အားကစားခန်းမနှင့် အရေးပေါ်ဆေးခန်းထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် Strand ဟိုတယ်၌ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး များ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များနှင့် ဖက်စပ် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်း စပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
Source From: myawaddy
Newspaper - 3260 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။
