တိုင်းဒေသကြီးဝန်ကြီးချုပ် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / March 20, 2026


ပုသိမ် မတ်လ ၁၆

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မိတ်ဆက် တွေ့ဆုံပွဲ အခမ်းအနားကို ပုသိမ်မြို့၊ လွှတ်တော်ရုံး ပင်မအဆောက်အအုံရှိ Banquet Hall ၌ ယနေ့ နံနက် (ဝ၈၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင်“ ပြည်သူများက ရွေးချယ်ပေးသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ ရောက်ရှိလာသည့်အတွက် မိတ်ဆက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဆောက်အဦပြုပြင်မွမ်းမံခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ (၇)ခု ဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော် အဆောက်အအုံမှာလည်း မြို့အဝင် ခမ်းခမ်းနားနား ရပ်တည်လျက်ရှိပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကိုယ်စားလှယ် တည်းခိုဆောင်များတွင်လည်း ပစ္စည်း ၂၆ မျိုး ထောက်ပံ့ပေးထားပြီး စားသောက်ရေးအတွက်လည်း အကောင်းဆုံးစီမံပေးထား ကြောင်း၊ သတင်းပို့သည့်နေ့ရက်မှ အစည်းအဝေးကျင်းပသည့်နေ့အထိလွှတ်တော်ဝင်းအတွင်း နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများကိုလည်း ကျန်းမာရေး အခြေခံစစ်ဆေးမှု များနှင့်အတူ ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားကြောင်း၊ ပထမပုံမှန်အစည်းအဝေးကာလ ပြီးမြောက်သည်အထိ ကိုယ်စားလှယ်တော်ကြီးများမှ အေးအေးချမ်းချမ်းဖြင့် တက်ရောက်နိုင်ကြရန်” ဆန္ဒပြုပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားပြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ရုံးလုပ်ငန်း ဆိုင်ရာများ အား မိတ်ဆက်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ အကြိုဇာတ်တိုက် လေ့ကျင့်မှု ဗွီဒီယိုပြသခြင်း၊ လွှတ်တော်ခန်းမ တွင် ကိုယ်စားလှယ်များ နေရာချထားမှုနှင့် အဆောက်အဦအတွင်း ပါဝင်သော အခန်းဖွဲ့စည်းမှု များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းချက်များ အပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပနေသည့် တိုက်ရိုက်ထုတ်လွှင့်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

Newspaper - 3475 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download