တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / June 02, 2026
ပုသိမ် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက အထူးကုဆေးကုသရေး အစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်၍ ဆေးကုသမှုခံယူသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပါမောက္ခ ဒေါက်တာနွယ်နွယ် ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု)၊ ဒေါက်တာချိုမာ တွဲဖက်ပါမောက္ခ (ဆီးချိုနှင့်ဟော်မုန်း)၊ ပါမောက္ခဒေါက်တာသန်းသန်းအေး ပါမောက္ခ/ဌာနမှူး/ ဒေါက်တာစန္ဒာဝင်း တွဲဖက်ပါမောက္ခ(အစာအိမ်နှင့်အူလမ်းကြောင်း)၊ ဒေါက်တာဇွန်သင်း အထူးကုဆရာဝန်ကြီး (ကင်ဆာဆေးပညာ)၊ ဒေါက်တာယဉ်မွန်သန့် ပါမောက္ခ/ဌာနမှူး (ရင်ခေါင်းဆေးကု)၊ ဒေါက်တာစိန်ဝင်း အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)၊ ပါမောက္ခ ဒေါက်တာစမ်းဦး ပါမောက္ခ/ဌာနမှူး(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ဒေါက်တာခင်နွယ်ဦး အထူးကုဆရာဝန်ကြီး (ကလေးသွေးဗေဒ)၊ ဒေါက်တာအေးမူစန်း အထူးကုဆရာဝန်ကြီး(ကလေး)၊ ဒေါက်တာ သုနန္ဒာအောင် အထူးကုဆရာဝန်ကြီး(အသည်းဆေးကု)၊ ဒေါက်တာစုသက်ကို တွဲဖက်ပါမောက္ခ (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ပြည်သူများ စိတ်အေး ချမ်းစွာ ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံ အတွင်း/အပြင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်စေရေးမှာကြားခဲ့သည်။ အဆိုပါ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးခြင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ယခုလ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိနှစ်ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီး များက ကုသပေးသွားမည်ဖြစ်သည်
Newspaper - 3544 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
