တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်


Ministry of Information/ Naypyitaw / November 08, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများကို ပိုင်ဆိုင်ကာ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့သည် နိုင်ငံ၏နေရာဒေသအသီးသီးတွင် အတူယှဉ်တွဲစုပေါင်းနေထိုင်၍ စည်းလုံးညီညွတ်စွာဖြင့် အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်ကို သမိုင်းအထောက်အထားများဖြင့် ခိုင်မာစွာသက်သေပြနိုင်ခဲ့သည်။

၁၈၂၄ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ရခိုင်၊ တနင်္သာရီဒေသများ ကျရောက်ခဲ့သည့်အချိန်တွင်လည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည့်အချိန်တွင်လည်းကောင်း၊ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး တိုင်းတစ်ပါးလက်အောက်သို့ ကျရောက်ခဲ့ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်အချိန်တွင်လည်းကောင်း ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးတို့သည် တစ်သွေးတစ်သားတည်း စုပေါင်းလက်တွဲ၍ သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွပြန်လည်ရယူခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက တစည်းတလုံးတည်း ညီညွတ်ခဲ့ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းစဉ်အချိန်ကာလနှင့် လွတ်လပ်ရေးရရှိပြီးကာလများတွင် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့သည့် အမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်အချင်းချင်း အထင်အမြင်လွဲမှားကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သည်မှာ ယနေ့ထက်တိုင်အောင်ပင်ဖြစ်သည်။ ထို့နောက် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တပ်မတော်က တာဝန်ယူခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အမှန်တရားကို မျက်ကွယ်ပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ယခင်က အေးချမ်းစွာ အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသားနယ်မြေဒေသအချို့တွင် ယခုအခါ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲခံစားနေကြရသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအမှန်ကို အမှန်အတိုင်းရှုမြင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးကို အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာကြားမှ ရုန်းကန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်သူများ၏ဆန္ဒဖြစ်သည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး”ဟူသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ရွေးကောက်ပွဲများ နိုင်ငံတစ်ဝန်း၌ အောင်မြင်စွာကျင်းပနိုင်ရေး တက်ညီလက်ညီ ဆောင်ရွက်နေပြီဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်သည်။ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆက်လက်ပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထပ်မံအသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးတွင် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အထူးလိုအပ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ သမိုင်းကြောင်းအစဉ်အလာအတိုင်း စည်းလုံးညီညွတ်စွာ ရပ်တည်နေထိုင်ခဲ့သော ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးအဖြစ် တည်တံ့ခိုင်မြဲစွာရပ်တည်နေထိုင်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3342 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download