တိုင်းရင်းသားဒေသက ပြည်သူလူထုတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုရှုထောင့်က ပါဝင်နိုင်မလဲဆိုတာကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်


Ministry of Information/ Naypyitaw / October 18, 2025
image_latest


ဦးယန်ကျင်ကန်

နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည်မရှိမဖြစ်လိုအပ်သည်။ ပြည်တွင်းပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ငြိမ်းချမ်းရေးရယူရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အခြေခံ အုတ်မြစ်ဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် NCA သည် ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

NCA(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ အောက်တို ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ NCA ကိုအခြေခံပြီး ငြိမ်းချမ်းသော အနာဂတ်နိုင်ငံတော် ဖော်ဆောင်ရေးအတွက် တက်ရောက်လာ ကြသူများ၏ စကားသံများကို စုစည်း တင်ပြလိုက်ရပါသည် -

ဒေါက်တာ အမ်ခွန်လှ

နိုင်ငံရေးလေ့လာသူ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခက်အခဲများစွာထဲက ဆက်လက်ကြိုးစားနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။ NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ လိုနေတယ်။ ကျန်နေတဲ့အဖွဲ့တွေနဲ့ဆိုရင် တစ်ဖွဲ့ချင်း သော်လည်းကောင်း၊ အားလုံးနဲ့သော် လည်းကောင်း အစိုးရနဲ့ Bilateral ဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက ကြားဝင်စေ့စပ်သူ တွေရဲ့ အခန်းကဏ္ဍလည်းလိုပါတယ်။ ဒါကို ဖြစ်မြောက်အောင် အကြံပြုနေပါ တယ်။ NCA (၁၀)နှစ်ပြည့် ဆွေးနွေးပွဲက အရွေ့ကောင်းပါတယ်။ မေးခွန်းတွေကလည်းကောင်းတယ်။ Guideline ထုတ်တာလည်း ကောင်းပါတယ်။

ငြိမ်းချမ်းရေးရော၊ ဖွံ့ဖြိုးတိုးတက်ရေးရော နှစ်ဖက်စလုံးမျှတတဲ့ မေးခွန်းတွေပါတယ်။ လက်ရှိအစိုးရနဲ့နောင် ဆက်လက်ဆောင်ရွက်ရမယ့် အစိုးရအတွက် အကြံပြုချက်တွေ တော်တော်များများထွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းက ကြီးမားပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒါကို ရှေ့ဆက်လက်ပြီး ကြိုးစားရမယ် လို့ မြင်ပါတယ်။ တကယ်တော့ အစိုးရရော၊ ပြည်သူလူထုရော၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရော အားလုံးက ဒီအခြေအနေမှာ ပင်ပန်းနေကြပြီ။ ဒါကို တော်သင့်ပြီ။ ရပ်သင့်ပြီလို့ထင်ပါတယ်။ ပထဝီနိုင်ငံ ရေးအရ၊ ပထဝီစီးပွားရေးအရ ဒီလောက်အခွင့်အလမ်းအများကြီး တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဆင့်ကဲပြောင်းလဲ နိုင်ငံရေးဖြစ်စဉ်တည်ဆောက်ပြီး တစ်ဆင့်ချင်းသွားရမယ်၊ လူထုပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကိုလုပ်ရမယ်၊ အားလုံးဝိုင်းဝန်းတိုက်တွန်းမယ်ဆိုရင် ဒီအရွေ့က ပြောင်းကိုပြောင်းပါတယ်။

ဦးယန်ကျင်ကန်

ဥက္ကဋ္ဌ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ

NCA ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးထားခဲ့ကြတယ်။ NCA ဆိုတာက ကျွန်တော်တို့နိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ငြိမ်းချမ်းမှ အရာရာ ဆက်လက်လုပ်ဆောင်လို့ရမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှုမရှိခြင်းရဲ့ အကျိုးဆက်တွေကို မျက်ဝါး ထင်ထင် ခံစားနေရတဲ့အတွက် ငြိမ်းချမ်း ရေးကို မဖြစ်မနေလိုအပ်တယ်လို့ ခံယူပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေများတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အခက်အခဲတော့ရှိနေမှာပါ။ ဒါပေမယ့်အခက်အခဲရှိလို့ ရပ်နားထားရမယ့် လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရွေ့ကို ရှေ့ဆက်လက်သွားနိုင်အောင် တွန်းပို့နေ ရမှာဖြစ်ပါတယ်။ ဘက်စုံက လိုအပ်ပါလိမ့်မယ်။

နိုင်ငံတကာက Think Tank ပညာရှင်တွေလည်း ပါဝင်တဲ့အတွက် ဒီမိုကရေစီက ရွေးကောက်ပွဲနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတဲ့ အကြံပြုချက်တွေပေးပါတယ်။ လက်ရှိနိုင်ငံတော်က သွားမယ့်အရွေ့ကလည်း ရွေးကောက်ပွဲကနေ သွားမှာဖြစ်တဲ့အတွက် ကောင်းတဲ့အကြံပြုချက်ကို ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားဒေသက ပြည်သူလူထုတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုရှုထောင့်က ပါဝင်နိုင်မလဲ ဆိုတာကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

စောခွန်ကျော်ဝင်း

အတွင်းရေးမှူး(၂)၊

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်

ဒီနေ့က အလုပ်ရုံဆွေးနွေးပွဲ သုံးရက်မြောက် ရှိခဲ့ပြီ။ ဆွေးနွေးချက်တွေကလည်း အားရစရာကောင်းပါတယ်။ ရွေးကောက်ပွဲအပြီးထွက်ပေါ်လာမယ့် အစိုးရအတွက်လည်း ရှေ့ဆက်လက်အကောင်အထည်ဖော်ဖို့ အချက်အလက်တွေအများကြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို ရအောင်ဖော်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး သားဆိုတာ တွေ့မြင်ရတယ်။ အနာဂတ်မြန်မာနိုင်ငံတော်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေရအောင် ဆောင်ရွက်သွား မယ်ဆိုတာ တွေ့ရတယ်။ NCA က နိုင်ငံတကာကရော၊ အားလုံးက အသိအမှတ်ပြု ထားတဲ့အတွက် ခိုင်မာတယ်။ ဒါကြောင့်မပျက်ဘူး။ NCA လမ်းကြောင်းကို ရောက်အောင်သွားမယ်ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးမရရင် အဓိက ခံစားရ မှာ ပြည်သူတွေပါ။ ပညာရေး၊ ကျန်းမာရေး အရာအားလုံးမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့မှာပါ။ တိုင်းပြည်က ငြိမ်းချမ်းဖို့လိုပါတယ်။ မငြိမ်းချမ်းမှုရဲ့ အသီးအပွင့်ကို ပြည်သူတွေပဲခံစားရတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းဖို့ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုတယ် လို့ တိုက်တွန်းချင်ပါတယ်။

ဦးကျော်ကျော်ဦး

ပါဝင်သင့်ပါဝင်ထိုက်သူများ

NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားက စည်စည်ကားကား အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ပြီး အောင်မြင်မှုတွေကိုလည်း တွေ့မြင်ရပါတယ်၊၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရွေးကောက်ပွဲနဲ့ နောင်ထွက်ပေါ်လာမယ့် အစိုးရသစ်အတွက် အတော်အကျိုး သက်ရောက်မှုတွေ ဖြစ်ထွန်းစေမှာဖြစ်ပါ တယ်၊၊ ဒီဆွေးနွေးပွဲကနေ ရရှိလာမယ့် ရလဒ်ကောင်းတွေကို တစ်ဆင့်ပြန်လည်ပြီး အသိပညာပေးဆွေးနွေးတာကို ကျေးရွာတွေ၊ ရပ်ကွက်တွေအထိ ကျွန်တော်တို့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးက ဆက်စပ် နေပြီး ငြိမ်းချမ်းမှသာ နိုင်ငံ့စီးပွားရေး တောင့်တင်းခိုင်မာအောင် ဖော်ဆောင် နိုင်မှာဖြစ်ပါတယ်၊၊ ငြိမ်းချမ်းရေးရှိမှ ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်နိုင်မယ်။ ငြိမ်းချမ်းရေးသည် ပြည်သူ့ဘဝ လုံခြုံရေးပဲဖြစ်ပါတယ်၊၊ ဒီဆွေးနွေးပွဲကတစ်ဆင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပါတယ်၊၊

ဒေါ်လဲ့လဲ့သိန်း

ဒုတိယဝန်ကြီး(ငြိမ်း)

အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍနဲ့ ငြိမ်းချမ်းရေးအဓိကယှဉ်တွဲနေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါတယ်။ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရှိမှပဲ စီးပွားရေးက တိုးတက်ကောင်းမွန်လာမယ်။ ကျန်တဲ့လုပ်ငန်းတွေလည်း ငြိမ်းချမ်းမှသာ ပိုပြီးဖွံ့ဖြိုးတိုးတက် လာနိုင်မယ်ဆိုတော့ ဘက်ပေါင်းစုံက စဉ်းစားကြတယ်။ ဒါကြောင့် ပါတီကိုယ်စားလှယ်တွေ၊ တတ်သိပညာရှင်တွေ၊ အစိုးရ ဌာနတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေ၊ EAO တွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်ဆွေးနွေး ကြပါတယ်။ အခုနှစ်မှာ ပိုပြီးညှိနှိုင်း ဆောင်ရွက်မှုတွေ ပိုအားကောင်းလာတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျန်တဲ့သူအားလုံးကိုလည်း ပါဝင်လာစေချင်တယ်။ ဆွေးနွေးမှုတွေကနေ ရှေ့ခရီးအတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အခွင့်အလမ်း တွေပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

သတင်းအဖွဲ့

Newspaper - 3321 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download