တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / July 12, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၁

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်သွားမည့် နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာဖြစ်သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာများတွင် လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ဖော်ဆောင်ရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။

စီမံချက်ရွာနှစ်ရွာ၏ လူမှုစီးပွားရေးအခြေအနေကိုသုံးသပ်ပြီး လိုအပ်ချက်များနှင့် လုပ်ဆောင်ဖြည့်ဆည်းပေးရမည့် နည်းလမ်းလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး စီမံချက်ရေးဆွဲသွားရမည်ဖြစ်သည့်အတွက် လက်တွေ့ဖြစ်နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါဆန်းစစ်ချက်များ ပေါင်းစပ်ပြီးနောက် လုပ်စရာရှိသည့် လုပ်ငန်းများကို ဆက်လုပ်ကြရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များ၏ အောင်မြင်ပြီးစီးမှုကိုလည်း ကာလအလိုက် ပြန်လည်သုံးသပ်ဆန်းစစ်သွားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ ကော်မတီအနေဖြင့် အကြမ်းဖျင်းစီမံချက်အနေဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရန် စဉ်းစားထားပါကြောင်း၊ ပထမအပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြုအသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းဖြစ်သည့် လူမှုစီးပွားရေးပြန်လည်ထူထောင်မှုအပိုင်းဖြစ်သည့် စီးပွားရေးအပိုင်းတွင် မိမိတို့ကော်မတီအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်သမ/နှင့် MSME များ ထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် မြစိမ်းရောင်၊ VDF ၊ မွေးမြူရေးအစုအဖွဲ့များကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ ရှေးဟောင်းသမိုင်းဝင်သားခိုတောင် ဒေသန္တရခရီးစဉ်ကို ညောင်ပင်သာအပန်းဖြေစခန်းနှင့် တွဲဖက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း။

ပြည်သူ့ဆက်ဆံရေး Public Relations နှင့် ပတ်သက်၍ မကျီးပင်၊ ညောင်ပင်သာတွင်ရှိသည့် Community Center ကို အခြေပြုပြီး ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံလူထုကို သတင်းအချက်အလက်မျှဝေခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးစီမံချက်မှသည် ကျန်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ဒေသအလိုက် အလားတူဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးက ပြည်သူများအတွက် နမူနာအဖြစ် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် မိမိတို့လုပ်ငန်းကော်မတီ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည် ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည်အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းများကတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မီဒီယာကိုအသုံးချပြီး အရွေ့တစ်ခုကိုသွားနိုင်သည့် လုပ်ငန်းစဉ်များဖြစ်အောင် ဝန်ကြီးဌာနများကလည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ၏ ဒေသဆိုင်ရာအချက်အလက်များ၊ သဘာဝဘေးထိခိုက်ခဲ့မှု QIP Phase(I) အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download