တောင်ကြီးတန်ဆောင်တိုင်ပွဲတော်  ဒုတိယညတွင် ပွဲတော်လာဧည့်ပရိသတ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ


Ministry of Information/ Naypyitaw / November 01, 2025
image_latest


တောင်ကြီး   အောက်တိုဘာ   ၃၁

မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုသည့်အတိုင်း ၂၀၂၅ ခုနှစ် တောင်ကြီးမြို့၏ ရိုးရာမပျက်တန်ဆောင်တိုင်ပွဲသည် အောက်တိုဘာ ၃၀ ရက် ည ၇ နာရီက အဝေရာမီးပုံးပျံကွင်း၌ ဒုတိယညတွင် ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာဧည့်ပရိသတ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ   ကြက်ပျံမကျစည်ကားသိုက်မြိုက်စွာလာရောက်၍ မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်နေမှုများနှင့်ပွဲတော်ကိုပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။

ကြည့်ရှုအားပေး

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ပွဲတော်လာပြည်သူများ၊ မီးပုံးပျံလွှတ်တင်သည့်ကွင်းအတွင်းဆင်း၍လာရောက်ယှဉ်ပြိုင်ကြသည့် မီးပုံးပျံအဖွဲ့သားများ၊ မီးပုံးပျံကိုအကဲဖြတ်အမှတ်ပေးကြမည့်ဒိုင်အဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားပြီး စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင်လည်း ခေတ်ပေါ်တေးဂီတဖြင့် ဒေသခံအဆိုတော်များက ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီးမီးပုံးပျံ ခြောက်လုံး၊ စိန်နားပန်မီးပုံးပျံငါးလုံး စုစုပေါင်း ၁၁ လုံး လွှတ်တင်ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပွဲတော်လာပြည်သူများနှင့်အတူ မီးပုံးပျံအသေးများ လွှတ်တင်ပေးခဲ့ကြောင်း သိရသည်။                    

မောင်မောင်သန်း(တောင်ကြီး)

Newspaper - 3335 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download