တောင်သူတို့၏ လူမှုစီးပွားမြင့်မားရေး စိုက်ပျိုးကုန်ထုတ်စွမ်းအား မြှင့်တင်
တောင်သူတို့၏ လူမှုစီးပွားမြင့်မားရေး စိုက်ပျိုးကုန်ထုတ်စွမ်းအား မြှင့်တင်
Ministry of Information/ Naypyitaw / May 13, 2026
ပြည်ထောင်စုအစိုးရအဖွဲ့သစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပါဝင်သော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးမည့်အစီအစဉ်တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းအစီအစဉ်သည် ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားဦးကြီးများက လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro - based Industry) များ တည်ဆောက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ ချေးငွေများရယူ၍ လုပ်ငန်းများ အောင်မြင်မှုရအောင် ဝီရိယစိုက်ထုတ်ကြိုးပမ်းလုပ်ကိုင်ခြင်းအားဖြင့် မိမိတို့၏ဘဝများ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေကာလမှစတင်၍ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) သီးနှံတို့အတွက် ချေးငွေနှုန်းထားမှာ ယခင်ကထက် နှစ်ဆဖြစ်သော တစ်ဧကလျှင် ကျပ်သုံးသိန်းဖြစ်လာပြီး အခြားသီးနှံ ၁၈ မျိုးမှာ တစ်ဧကလျှင် ယခင် ကျပ်တစ်သိန်းမှ ယခု ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့ကို တစ်ဧကလျှင် ယခင်ကျပ်တစ်သိန်းမှ ယခု ကျပ် တစ်သိန်းခွဲထိ တိုးမြှင့်ထုတ်ချေးသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ချေးငွေအတိုးနှုန်းမှာ ယခင်အတိုင်း ပြောင်းလဲမှုမရှိ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို အာမခံ (အပေါင်) အဖြစ် ပေးအပ်ထားကြရမည်ဖြစ်သည်။
လယ်ယာသုံးစက်ကိရိယာဆိုင်ရာ ချေးငွေများကို ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ကျပ်သိန်း ၃၀၀၁ မှ ကျပ်သိန်း ၅၀၀၀ အထိ တစ်ကဏ္ဍ ထုတ်ချေးသွားမည်ဖြစ်ရာ တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေးထုတ်ချေးသွားမည်ဟု သိရသည်။ အတိုးနှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း နှစ်ချင်းဆပ် (၁) နှစ်၊ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် ချေးယူနိုင်ကြသည်။ ၎င်းချေးငွေများဖြင့် လက်တွန်းထွန်စက်၊ ထော်လာဂျီ၊ ရေစုပ်/ရေတင်စက်၊ ဆိုလာ ရေတင်စက်၊ မျိုးစေ့ချစက်၊ လယ်ထွန်စက်အသေး၊ ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ ကောက်စိုက်စက်၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက် စသည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူလုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။
ထို့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သွင်းအားစုဖြစ်သော ဓာတ်မြေသြဇာများ တင်သွင်းမှုအပေါ်တွင် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ခွင့်ပြုထားရာမှ ယင်းအခွန်ကင်းလွတ်ခွင့် ကို မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။ ယင်းအခွန်ကင်းလွတ်ခွင့်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေသြဇာများအပေါ်တွင် အကျုံးဝင်စေခြင်းဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ပေးခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံစီးပွားရေး၏ အုတ်မြစ်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်အတွက်ဖြစ်ရာ ရည်ရွယ်ချက်အတိုင်း တောင်သူလယ်သမားများအပေါ် အမှန် တကယ် အကျိုးသက်ရောက်ရန် လိုသည်။
စိုက်ပျိုးစရိတ်ချေးငွေများ၊ လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးခြင်း၊ ဓာတ်မြေသြဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကာလ တိုးမြှင့်ခွင့်ပြုခြင်းစသည်တို့က စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု တိုးတက်ဖြစ်ထွန်းစေရန်ပင်ဖြစ်သည်။ ချေးငွေများသည် တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် လိုအပ်သည့်အရင်းအနှီးများကို ရရှိစေနိုင်မည်ဖြစ်ရာ အကျိုးရှိရှိ၊ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံနိုင်ကြဖို့လိုသည်။ နိုင်ငံတော်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်နေခြင်းသည် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြင့်မားစေလို၍ ဖြစ်သည်။ ကျေးလက်နေပြည်သူများ ဝင်ငွေကောင်းမွန်ပြီး စီးပွားရေးမြင့်မားမှသာ ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းလည်း ကျဆင်းလာမည်ဖြစ်သည်။
လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးသည့် ချေးငွေများ တောင်သူများလက်ဝယ်သို့ အချိန်မီမှန်ကန်လွယ်ကူစွာရရှိရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ကြရေးတို့အတွက် ကဏ္ဍအလိုက် ပါဝင်ကြရသူအားလုံးက တာဝန်ကျေပွန်စွာ ဝိုင်းဝန်းဆောင်ရွက်ပေးကြရေးနှင့် တောင်သူလယ်သမားအားလုံးတို့ကလည်း မိမိအကျိုး၊ နိုင်ငံ့အကျိုးအတွက် စိုက်ပျိုးစွမ်းအားမြင့်မားရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။
Newspaper - 3524 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
