တောင်သူလိုအပ်ချက်အခြေခံသည့် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်
တောင်သူလိုအပ်ချက်အခြေခံသည့် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်
Ministry of Information/ Naypyitaw / January 11, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်က စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနနှင့် မွေးမြူရေးတက္ကသိုလ်မှ ပညာရှင်များက နွယ်ရစ်ကျေးရွာ တောင်သူ ဦးဆန်းမင်း၏ ပန်းမုန်လာစိမ်းစိုက်ခင်းတွင် ကွင်းသရုပ်ပြပွဲကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများအနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ကျင့်သုံးလျက်ရှိသည့် စိုက်ပျိုးနည်းစနစ်များကို လေ့လာမှတ်တမ်းတင်နိုင်ရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော သွင်းအားစုများဖြစ်သည့် မျိုး၊ ပိုးသတ်ဆေး၊ မြေဩဇာနှင့် ကြုံတွေ့ကြရသည့် အဓိကအခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအပါအဝင် ဆင်သေချောင်း ဝဲ/ယာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာနေရာများ ဇုန်သတ်မှတ်၍ ဆောင်ရွက်ရေးနှင့် ဈေးနှုန်းအတက်အကျကို ထိန်းသိမ်းရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ တာရှည်အထားခံရန်ဆိုလာစွမ်းအင်သုံး တောင်သူတစ်နိုင်တစ်ပိုင်အအေးခန်းစနစ် ထွန်းကားလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများအတူ ပူးပေါင်းပါဝင်သည့် ဟင်းသီးဟင်းရွက်သုတေသနများ၊ တောင်သူလိုအပ်ချက် အခြေခံသည့် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်နှင့် ဟင်းသီးဟင်းရွက် မျိုးမွေးမြူရေးပညာရှင်များ ထွက်ပေါ်လာစေရေးပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ကွင်းသရုပ်ပြပွဲတက်ရောက်လာကြသည့် တောင်သူများ၏ လုပ်ငန်းခွင်ဆိုင်ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါနွယ်ရစ်ကျေးရွာပတ်ဝန်းကျင်ဒေသသည် ပန်းဂေါ်ဖီ၊ ပန်းမုန်လာဖြူ၊ ပန်းမုန်လာစိမ်း၊ မုန်လာဥဖြူ၊ ဖူးစားပြောင်းအပါအဝင် စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် အာဟာရဓာတ်ပြည့်ဝရေး အထောက်အကူပြုတစ်မျှော်တစ်ခေါ် ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးများဖြင့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (MRTV)၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက် တန်းကျောင်းများသို့ သွားရောက်၍ စိုက်ပျိုးရေး၊မွေးမြူရေးအထူးပြုဖြင့် Grade-10, Grade-11, Grade-12 တက်ရောက် သင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများအား လက်ရှိသင်ရိုး ညွှန်းတမ်းများ၊ သင်ကြားရေးနည်းစနစ်များနှင့် အနာဂတ်ပညရေးအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် မွေးမြူရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3407 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
