ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို စာရင်းပြုစုနေ


Ministry of Information/ Naypyitaw / February 03, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ ရက် ၉၀ ကြာ မှတ်တမ်းတင်စာရင်းပြုစုနေကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဘင်္ဂလားကျား၊ ဝက်ဝံ၊ နို့တိုက်သတ္တဝါနဲ့ ငှက်အပါအဝင် ရှားပါးသတ္တဝါတွေကျက်စားတဲ့ ဘေးမဲ့တောဖြစ်ပါတယ်။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့၊ သူတို့ရဲ့ကျက်စားနေထိုင်မှုကို လေ့လာသိရှိနိုင်ဖို့ ကင်မရာထောင်ချောက် ၂၄ လုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ တပ်ဆင်ခဲ့ပြီးတော့ ဖေဖော်ဝါရီဒုတိယပတ်မှာ ကင်မရာတွေဖြုတ်သိမ်းမှာပါ။

ကင်မရာထောင်ချောက်တွေ ဖြုတ်သိမ်းစစ်ဆေးတဲ့အခါ တောရိုင်းတိရစ္တာန်မျိုးစိတ်တွေရဲ့ ထူးခြားမှုကိုသိရှိရမှာပါ။ ဒီလိုဘေးမဲ့တောတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဒေသခံပြည်သူအားလုံး ပူးပေါင်းပါဝင်ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်ဟု ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကပြောသည်။

ယမန်နှစ်ကလည်း ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ တောရိုင်းတိရစ္ဆာန်များ သွားလာကျက်စားမှုကို စောင့်ကြည့်ခဲ့ရာ ဘင်္ဂလားကျား၊ မလေးရှားနှင့် ဟိမဝန္တာဝက်ဝံမျိုးစိတ်၊ ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်၊ ပြောင်နှင့် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ရင်ဘတ်တွင် အဖြူရောင်ဗွီပုံသဏ္ဌာန်ရှိသည့် ဟိမဝန္တာဝက်ဝံနှင့် ရင်ဘတ်တွင် အဖြူရောင်ယူပုံသဏ္ဌာန်ရှိသည့် မလေးရှားဝက်ဝံမျိုးစိတ်နှစ်မျိုး ရှင်သန်ကျက်စားလျက်ရှိသည်။

ထို့ပြင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ်ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး တည်ရှိနေသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာတွေ့ရှိရသည့် ရှားပါးတောရိုင်းတိရစ္ဆာန် မျိုးစိတ်များလည်း တည်ရှိနေသည်။

ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၁၉၇၄ ခုနှစ် မေလတွင် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်၍ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

သစ္စာ (MNA)

ဓာတ်ပုံ-ထမံသီဘေးမဲ့တော

အုပ်ချုပ်ရေးမှူးရုံး

Newspaper - 3531 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download