ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့် အပြန်အလှန်လေ့လာရေးအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်
ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့် အပြန်အလှန်လေ့လာရေးအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်
Ministry of Information/ Naypyitaw / August 06, 2025

နေပြည်တော် ဩဂုတ် ၅
ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့်အပြန်အလှန်လေ့လာရေးအဖွဲ့ဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များသည် ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အုပ်အဆင့် အပြန်အလှန်လေ့လာရေးအဖွဲ့များကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ တပ်မတော် (လေ) မှ တာဝန်ရှိသူများက အုပ်သမိုင်းအကျဉ်းကို ရှင်းလင်းပြသကာ အုပ်မှူးများ အချင်းချင်းအထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြသည်။
ထိုင်းဘုရင့်လေတပ်မှ ဖျော်ဖြေရေးအဖွဲ့ဝင်များသည် ဩဂုတ် ၄ ရက် ညနေပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ သူရအုန်းခိုင်ခန်းမ၌ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ကြရာ တပ်မတော် (လေ) မှ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ထို့နောက် စစ်ဦးစီးအရာရှိချုပ် (လေ) က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပန်းခြင်းကို ပေးအပ်ချီးမြှင့်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ဘုရားနှင့် ကမ္ဘာအေးစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့ရှိ Time City ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ Junction City နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းဘုရင့်လေတပ်မှ အုပ်အဆင့်အပြန်အလှန်လေ့လာရေးအဖွဲ့ဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထိုင်းဘုရင့်လေတပ်မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ တပ်မတော် (လေ) မှ တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3246 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။
