ထုတ်ကုန်အမည်သစ်များခင်းကျင်း စီးပွားရေးအခွင့်အလမ်းတိုးတက်


Ministry of Information/ Naypyitaw / February 01, 2025
image_latest


၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ၏ ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ခမ်းခမ်းနားနား စုံစုံလင်လင်ခင်းကျင်းပြသနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြီးပြည့်စုံသလောက်ရှိနေပြီဖြစ်သည်။

အဆိုပါ ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲသည် ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားနှင့် တစ်ဆက်တစ်စပ်တည်း ပထမဆုံးအကြိမ် ထည့်သွင်းဆောင်ရွက်သည့် ထူးခြားသောအခင်းအကျင်းတစ်ခုဖြစ်သည်။ ယခုနှစ် ကျင်းပမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်များတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဖော်ဆောင်ပေးရေးအချက်ကို ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးက အထောက်အကူပြုမည်ဖြစ်သည်။

ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဆက်စပ်လျက် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးပါဝင်သည့် ပြည်နယ်၊ ဒေသ ၁၅ ခု၏ MSME ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ ဒေသအသီးသီးမှထုတ်ကုန်ပစ္စည်းအချင်းချင်း ယှဉ်ပြိုင်မှုမှတစ်ဆင့် အရည်အသွေးနှင့်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်းကိုရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ၌ MSME ထုတ်ကုန်ပြိုင်ပွဲကြီးတစ်ရပ်ကျင်းပရန်အပြင် ဒေသန္တရရိုးရာအစားအစာများကိုလည်း တစ်နေရာတည်း၌ပင် စုံလင်စွာဖြင့် ထိတွေ့ခံစားနိုင်စေရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြပွဲပြိုင်ပွဲတွင် ဒေသထွက်ကုန်ပစ္စည်းများအပြင် လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများကို ရောင်းချခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်သည်။

ထုတ်ကုန်ပြပွဲပြိုင်ပွဲတွင် ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ၊ ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ထုတ်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ်ပြောင်းလဲပြီး သွင်းကုန်အစားထိုးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့် ဒေသများမှ MSME လုပ်ငန်းများ၊ MSME တီထွင်ဆန်းသစ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုနှင့် ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသသွားမည်ဖြစ်သည်။ MSME လုပ်ငန်းများအပြင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုလုပ်ငန်းများလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲပြိုင်ပွဲတွင် လာရောက်ပြသရောင်းချကြမည့် လုပ်ငန်းရှင်များအားလုံးနှင့် အချင်းချင်းချိတ်ဆက်မိပြီး ဈေးကွက်ပိုမိုကျယ်ပြန့်လာမည်ဖြစ်၍ MSME လုပ်ငန်းများကို များစွာအထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။

MSME လုပ်ငန်းရှင်များအားလုံး တွေ့ဆုံရသည့်ပွဲဖြစ်၍ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အတွေးသစ်၊ အမြင်သစ်များ ရရှိလာနိုင်သည်။ မိမိတို့၏ ကုန်ထုတ်လုပ်ငန်းများကို မည်မျှစွမ်းအားမြှင့် ထုတ်လုပ်နိုင်မည်ဆိုသည့် နည်းပညာအသစ်အဆန်းများလည်း ဖလှယ်နိုင်မည်ဖြစ်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် တွေ့မြင်နိုင်ကာ အတုယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ MSME လုပ်ငန်းများသည် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့တည်ရှိနေပြီး ကိုယ့်အမြင် ကိုယ့်အတွေးဖြင့် လုပ်ကိုင်နေကြရာမှ ယခုကဲ့သို့ တစုတစည်းတည်းစုဝေးမှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရလဒ်ကောင်းများပေါ်ထွက်လာမည်ဖြစ်သည်။

ယခုအခါ ပြပွဲပြိုင်ပွဲကြီးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့အမီ အသင့်ပြင်ဆင်ခင်းကျင်းသွားမည်ဖြစ်သည်။ အဓိကအားဖြင့် ပြည်တွင်းကုန်ကြမ်းများကို အခြေခံပြီး ထုတ်လုပ်သည့် ထုတ်ကုန်များ၊ ပြည်ပတင်ပို့နေသည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ကုန်ပစ္စည်းများစသည်တို့ကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး MSME လုပ်ငန်း ရှင် ၅၃ ဦးက ထုတ်ကုန်အမည် ၂၀၀ ကျော်၊ ၃၀၀ နီးပါး ပါဝင်ပြသရောင်းချသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုနေ့သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာထုတ်ဖော်ပြသနိုင်သည့် အထိမ်းအမှတ်နေ့ဖြစ်သည်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို တစုတဝေးတည်း စုစည်းပြသခင်းကျင်းရောင်းချသည့် ပြပွဲပြိုင်ပွဲကြီးဖြစ်၍ ဒေသတစ်ခုနှင့်တစ်ခု တစ်ဦးနှင့်တစ်ဦး ပိုမိုချိတ်ဆက်လက်တွဲဆောင်ရွက်နိုင်ပြီး ထုတ်ကုန်အမည်သစ်များကို ဈေးကွက်အတွင်း မိတ်ဆက်ထိုးဖောက်လာနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုတိုးတက်ဖော်ဆောင်လာနိုင်မည်ဖြစ်ပါကြောင်း။  ။

Newspaper - 3063 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download