ဒက္ခိဏသီရိမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကြိုးပမ်း
ဒက္ခိဏသီရိမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကြိုးပမ်း
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရန်အောင်မြင်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် ကျေးစာဥကျေးရွာရှိ တောင်သူများ၊ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာရပ်မိရပ်ဖများကတင်ပြသော ရွာတွင်းရေနုတ်မြောင်းလိုအပ်ချက်နှင့် ရေစီမံခန့်ခွဲမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းမှာကြားသည်။
ထို့ပြင် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာ ပလွေးချောင်းရေတိုက်စားမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရပ်မိရပ်ဖများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆက်စပ်ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒက္ခိဏသီရိနယ် ကျေးစာဥကျေးရွာ အင်းနီကန်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကန်၏ရေသိုလှောင်နိုင်မှု၊ ရေပေးဝေနိုင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကိုတင်ပြကြပြီး ဒုတိယဝန်ကြီးက ကျေးရွာရှိတောင်သူများ ရေကို အကျိုးရှိထိရောက်စွာသုံးစွဲစိုက်ပျိုးနိုင်ရန် ရေစီမံခန့်ခွဲရေးလုပ်ငန်းများတွင် တာဝန်ရှိသူများနှင့် တောင်သူများပါဝင်သော ရေစီမံခန့်ခွဲမှုဆောင်ရွက်ခြင်း၊ ရေအနည်းငယ်သာအသုံးပြုရသည့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနိုင်သော ပေါင်ကြီးတင်စနစ်ကိုအသုံးပြုစေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် သင့်တော်သည့်နေရာများတွင် ရေအနည်းလိုစပါးနှင့် ယာစပါးကဲ့သို့ စပါးမျိုးစိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန်၊ ပိုးသတ်ဆေးများကို လိုအပ်မှသာဖျန်းကြရန်နှင့်ကျေးရွာတွင်း ဒေသန္တရမျိုးစေ့စနစ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3363 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
