ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / August 31, 2024
image_latest


နေပြည်တော် သြဂုတ် ၃၀

မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမမှ အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ဘဏ္ဍာရေးအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲလျက် အကျိုးရှိရှိ အသုံးချနိုင်ရေးသည် ပဓာနကျသည့် အချက်ဖြစ်ပါကြောင်း၊ စာရင်းပညာရပ်များသည် နိုင်ငံနှင့်လုပ်ငန်း၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအခြေအနေမှန်ကို သိရှိနိုင်ပြီး ထိရောက်အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်ရန်အတွက် ဆုံးဖြတ်ချက်များချမှတ်ပေးနိုင်သည့် ပညာရပ်ဖြစ်ပါကြောင်း။

အကျိုးရှိရှိအသုံးချ

ယခုသင်တန်းသည် စာရင်းပညာကို စတင်လေ့လာကြသူများအတွက် အခြေခံကောင်းများရရှိစေပြီး စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် အရေးပါသော သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတစ်လျှောက် ဇွဲလုံ့လဝီရိယထားကာ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချလျက် စာရင်းကျွမ်းကျင်သူများအဖြစ် မိမိကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှုသာမက ဌာနအကျိုးနှင့် နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်သည်အထိ ကြိုးစားသွားကြစေလိုပါကြောင်း၊ ထို့ပြင် စာရင်းပညာရပ်ဆိုင်ရာများသာမက ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာဆိုင်ရာများကိုလည်း လေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။         

အဆိုပါသင်တန်းကို ၁၀ လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်သင်တန်းကျောင်းတွင် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား ၁၀၅ ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား ၆၁ ဦး စုစုပေါင်း ၁၆၆ ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး လာမည့်အောက်တိုဘာလတွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2906 items

Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်၊ သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်၊ သြဂုတ် ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ သြဂုတ် ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်၊ သြဂုတ် ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download