ဒီမိုကရက်တစ်ပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ဒီမိုကရက်တစ်ပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 10, 2025
နေပြည်တော် နိုဝင်ဘာ ၉
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင် -
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို ချစ်မြတ်နိုးကြသူတွေဟာ ပါတီစုံစနစ်မှာ နိုင်ငံရေးပါတီတွေ တည်ထောင်ပြီး ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ကြတာကို အားပေးကြပါတယ်။ ဒါ့အပြင် ဆန္ဒမဲပေးကြတဲ့ နိုင်ငံသားတွေကလည်း မိမိတို့နှစ်သက်လိုလားတဲ့ နိုင်ငံရေးပါတီတွေကို မိမိတို့အသည်းကြားက မဲဆန္ဒများကိုပေးတာ အစဉ်အလာတစ်ခုပါပဲ။
မဲတစ်ပြားမပေးလည်း ဘာမှမဖြစ်ဘူးလို့ဆိုကြပေမယ့် များပြားလာတဲ့အခါမှာ ဒီမိုကရေစီစနစ်ဟာ တင်းပြည့် ကျပ်ပြည့် မဖြစ်နိုင်တော့ပါ။ မဲဆန္ဒပေးနိုင်သူအားလုံးက မဲပေးနိုင်မှသာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီဖြစ်နိုင်ပါတယ်။
ဒီမိုကရက်တစ်ဆိုသည်မှာ ဒီမိုကရေစီယုံကြည်သူများလို့ အဓိပ္ပာယ်ရပါတယ်။ “ဒီမိုကရက်တစ်ပါတီ”ဟု ဆိုခြင်းဖြင့် ဒီမိုကရေစီကို ယုံကြည်သူများစုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီစွမ်းအားကြီးလို့ အဓိပ္ပာယ်ရပါတယ်။
ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံသူ/သားများကို ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ရန်နဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် ဦးဆောင်ပေးလျက်ရှိပါတယ်။
ဒီမိုကရေစီဟုဆိုရာ၌ နိုင်ငံမှာအချုပ်အခြာအာဏာသည် ပြည်သူလူထု၏ တည်ဆဲအာဏာဟူသမျှ လူထုထံမှ ဆင်းသက်ရတဲ့စနစ်ကို ဆိုလိုပါတယ်။
ဒီမိုကရက်တစ်ပါတီက ယုံကြည်သော ဒီမိုကရေစီစနစ်တွင်လည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လောကပါလတရားများ ထွန်းကားကျင့်သုံးနိုင်ရေး၊ နိုင်ငံရေးလွတ်လပ်မှု၊ စီးပွားရေးလွတ်လပ်မှု၊ တရားစီရင်ရေးလွတ်လပ်မှု၊ လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်မှု၊ လွတ်လပ်စွာဟောပြောစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်မှု စတဲ့ လွတ်လပ်မှုအခြေခံအခွင့်အရေးများကို ပြည်သူတို့ အပြည့်အဝ ခံစားနိုင်ကြရန် ဖြစ်ပါတယ်။
အမျိုးသားအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေးဆိုတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အချာကျပါတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ် ကျေးဇူးပြုနိုင်တဲ့အတွက် အဲ့ဒီမူကို “ဒီမိုကရက်တစ်ပါတီ”က အလေးအနက်ခံယူထားပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ချုပ် နာယကကြီး ဦးနု ပြောကြားခဲ့တဲ့ (လက်စားမချေ၊ သင်ပုန်းချေ) ချေ-နှစ်ချေမူကို ကျင့်သုံးခြင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ယနေ့ကာလဟာ မြန်မာနိုင်ငံသားများအချင်းချင်း သဘောထားကွဲလွဲမှုများ ပြင်းထန်နေချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် တစ်မျိုးသားလုံး မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်ကြီးများလည်းရှိပါတယ်။ အဲ့ဒီလုပ်ငန်းများ အောင်မြင်ထမြောက်စေဖို့ အေးချမ်းသာယာတဲ့အခြေအနေနဲ့ အမျိုးသားချင်းပြန်လည်ရင်ကြားစေ့နိုင်ရေးအခြေအနေ ဖန်တီးပေးဖို့ အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။ အဲ့ဒီလိုအပ်ချက်အရ အတိတ်ရဲ့အနိဋ္ဌာရုံတွေကို ပြန်မလှည့်ဘဲ အနာဂတ်ခေတ်သစ်ဆီသို့ ရှေးရှုခြင်းဖြင့် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကိုသာ ဦးတည်ကြရပါလိမ့်မယ်။
တစ်မျိုးသားလုံး အေးအတူပူအမျှ အတူတကွ လက်တွဲဆောင်ရွက်နိုင်ကြရေးအတွက် “မိမိတို့သည် ... တစ်နိုင်ငံတည်းသားများ” ဖြစ်ကြသည်ဟူသော မိသားစုစိတ်ဓာတ်များထားရှိ၍ “ငါတို့အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်” ဟူသော ခံယူချက်ရှိရန် လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။
“ဒီမိုကရက်တစ်ပါတီသည်” ရေရှည်တည်တံ့ခိုင်မြဲခြင်းရှိသည့် ပညာရေးစနစ်ကိုဦးတည်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ပါမယ်။ အနည်းဆုံး အခြေခံအလယ်တန်းပညာကို အခမဲ့မသင်မနေရ ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ပါမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ပညာရေးစနစ်ကို ခေတ်နဲ့အမီ ရင်ပေါင်တန်းရပ်တည်နိုင်ရေးအတွက် နိုင်ငံခြားပညာသင်များ ပိုမိုစေလွှတ်ခြင်း၊ နိုင်ငံတကာမှကျွမ်းကျင်သည့် ပညာရှင်များကိုလည်း ဖိတ်ခေါ်လေ့ကျင့်စေခြင်းတို့ကို ပြုလုပ်ပါမယ်။
နိုင်ငံတကာပညာရေးစနစ်နဲ့ ရင်ပေါင်တန်းနိုင်အောင် တက္ကသိုလ်၊ ကောလိပ်နဲ့ စိုက်ပျိုးရေး၊ စက်မှုလက်မှုကျောင်းများကို ပြုပြင်မွမ်းမံခြင်းအားဖြင့် တိုးချဲ့ဆောင်ရွက်သွားပါမယ်။ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးပြီး နိုင်ငံတကာလူသားအရင်းအမြစ်ဈေးကွက်မှာ မြန်မာလုပ်သားများ ဝင်ရောက်ထိုးဖောက်နိုင်စေရန်အတွက် နည်းပညာနဲ့အတတ်ပညာများကို သင်ကြားပေးခြင်းအားဖြင့်လည်း အစဉ်သဖြင့် အားပေးသွားပါမယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ကျန်းမာရေးစနစ်ကို ခေတ်နဲ့လျော်ညီစွာ နိုင်ငံတကာအဆင့်ရောက်အောင် တည်ဆောက်ပါမယ်။ လူတိုင်းအခမဲ့ဆေးဝါးကုသခွင့်ကို ရှေးရှုဦးတည်ပြီး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်သွားပါမယ်။ ပြည်သူ့ကျန်းမာရေးကို အနောက်တိုင်းဆေးပညာနည်း၊ တိုင်းရင်းဆေးပညာနည်းတွေနဲ့ ပေါင်းစပ်အကောင်အထည်ဖော်သွားပါမယ်။
အခြေခံပညာမူလတန်းနဲ့ အလယ်တန်းကျောင်း သင်ခန်းစာများမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ထည့်သွင်းပို့ချသွားပြီး ရုပ်သံ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်နဲ့ လူမှုကွန်ရက် အင်တာနက်နည်းပညာများကို အသုံးပြုပြီး လူထုကျန်းမာရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားပါမယ်။
ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံးသည် လူမှုအသိုင်းအဝိုင်းမှာ ကာကွယ်စောင့်ရှောက်ခွင့်ကို တစ်ပြေးညီ ရရှိခံစားသင့်တယ်လို့ “ဒီမိုကရက်တစ်ပါတီ” က လက်ခံယုံကြည်ထားပါတယ်။ အထူးသဖြင့် ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများဟာ နိုင်ငံတော်ရဲ့ အထူးကာကွယ်စောင့်ရှောက်ခွင့်ကို ရရှိခံစားထိုက်သူများဖြစ်ပါတယ်။ မသန်စွမ်းသူများ၊ ဒုက္ခိတများ၊ မမာမကျန်းဖြစ်နေသူများ၊ ရောဂါသည်လူနာများကို အနည်းဆုံး အခမဲ့ကုသကာကွယ်စောင့်ရှောက်မှုခံစားခွင့်များရရှိစေဖို့ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခိုကိုးရာမဲ့၊ အိုးအိမ်မဲ့၊ ဒုက္ခသည်များကိုလည်း ယာယီအစားအသောက်နဲ့ နေထိုင်တည်းခိုရာအိမ်ရာများကို ဈေးနည်းသက်သာစွာဖြင့် နေထိုင်နိုင်ရေးအတွက် အမျိုးသားလူမှုစောင့်ရှောက်ရေးစီမံကိန်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ စစ်မှုထမ်းဟောင်းများနဲ့ ပင်စင်စားသက်ကြီးရွယ်အိုများအတွက် လူမှုအာမခံချက်များ ရရှိစေဖို့နဲ့ သက်သောင့်သက်သာဖြင့် အနားယူနေထိုင်နိုင်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်လယ်ယာလုပ်သူများအပါအဝင် အခြားမြေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူများအတွက် လယ်ယာမြေလွှဲပြောင်းခွင့်၊ အမွေပေးခွင့်၊ ရောင်းချပေါင်နှံခွင့်စတဲ့ အခွင့်အရေးများကိုလည်း ရရှိစေရမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားများအနေနဲ့ ဒီမိုကရေစီကျင့်စဉ်အရ မိမိတို့အခွင့်အရေးကာကွယ်ပိုင်ခွင့်၊ မိမိတို့လူနေမှုဘဝတိုးတက်မြင့်မားရေး အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တောင်သူလယ်သမားအစည်းအရုံးကို လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်ရှိစေဖို့လည်း ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
နိုင်ငံတော်တည်ထောင်ဖွဲ့စည်းသည်နှင့်တစ်ပြိုင်တည်း နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်ထူထောင်ဖွဲ့စည်းတည်ရှိရေးသည် မရှိမဖြစ်လိုအပ်ချက် တစ်ရပ်ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်ပေါ်တိုးတက်မှုသမိုင်းအစဉ်အလာအရ တပ်မတော်ကဏ္ဍသည် ထူးခြားစွာပါဝင်ခဲ့ပါတယ်။ အဲ့ဒီထူးခြားတဲ့သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်၊ တပ်မတော်ရဲ့ ဖခင်လည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သည့် တပ်မတော်ရဲ့ သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါတယ်။ ပြည်သူတို့ရဲ့ သားကောင်းရတနာများဖြင့် ဖွဲ့စည်းထားသောတပ်မတော်သည် နိုင်ငံတော်နဲ့ပြည်သူတို့အတွက် အန္တရာယ်အသွယ်သွယ်တို့ကို ကာကွယ်သော ပြည်သူ့တပ်မတော်၊ မျိုးချစ်တပ်မတော်အဖြစ် အစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်းထားသော တပ်မတော်ဖြစ်စေရမယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့အညီ ကျစ်လျစ်ခိုင်မာ၍ ခေတ်မီတိုးတက်သောစစ်စွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားသော အစဉ်ခေတ်မီတိုးတက်သည့် တပ်မတော်ဖြစ်စေရမယ်။
ယခင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနုသည် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို ချမှတ်ကျင့်သုံးရာ၌ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ခြင်း၊ ဘက်မလိုက်နိုင်ငံများ အင်အားစုဖြစ်လာစေရန် ရှေ့တန်းခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြားတွင် လူသိများ၍ ချစ်ခင်လေးစားခြင်းခံရတဲ့သူဖြစ်ပါတယ်။
နိုင်ငံတိုင်းသည် မိမိနိုင်ငံအကျိုးရှိရေး ရည်မှန်းချက်များနဲ့ နိုင်ငံတကာနဲ့ မိတ်ဝတ်မပျက် ဆက်ဆံပေါင်းသင်းရစမြဲ ဖြစ်ပါတယ်။ ထိုအခြေခံဖြင့် နိုင်ငံခြားရေးမူဝါဒများ ချမှတ်လိုက်နာဆောင်ရွက် ကြစမြဲဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာမထိခိုက်စေဘဲ အောက်ပါအခြေခံမူများနဲ့အညီ နိုင်ငံခြားရေးမူဝါဒကို လိုက်နာကျင့်သုံးပါမယ်။
(က) ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ အခြေခံမူဝါဒများ နိုင်ငံတကာတွင် လိုက်နာကျင့်သုံးအပ်တဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေးကျင့်ဝတ်များနဲ့အညီ ကမ္ဘာ့နိုင်ငံအသီးသီးတို့နဲ့ မိတ်ကောင်းဆွေကောင်းပီသစွာ ဆက်ဆံပေါင်းသင်းပါမယ်။
(ခ) နိုင်ငံတစ်နိုင်ငံရဲ့နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အပြန်အလှန်လေးစားရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်နက်ကိုင်ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရေး၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ နိုင်ငံအချင်းချင်း တန်းတူရည်တူ ပေါင်းသင်းဆက်ဆံရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးတူဖြစ်ထွန်းစွာရရှိစေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဟူသော နိုင်ငံတကာဆက်ဆံရေးမူကြီး (၅)ချက်နဲ့အညီ လိုက်နာကျင့်သုံးရပါမယ်။
(ဂ) နိုင်ငံတကာရေးတွင် မိမိနိုင်ငံတော်အကျိုးကျေးဇူးကို မဆန့်ကျင်စေဘဲ မှန်ကန်သည့်ဘက်မှ နိုးကြားတက်ကြွ လွတ်လပ်စွာရပ်တည်ရမှာ ဖြစ်ပါတယ်။
(ဃ) နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိစေမှုကို ဦးထိပ်ထားလျက် မိမိတို့၏ မူဝါဒ ရည်ရွယ်ချက်များနဲ့တူညီတဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီ၏ မျှော်မှန်းချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးအတွက် ကြိုးပမ်းကြရာ၌ မိမိတို့၏ပါတီသည်
- ပြည်ထောင်စုသားတိုင်း ဒီမိုကရေစီလူ့အခြေခံလွတ်လပ်မှုအခွင့် အရေးများကို စည်းကမ်းတကျခံစားခွင့် အညီအမျှရရှိစေလိုသည်။
- ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာသောအခြေအနေကို ဖန်တီးလိုသည်။
- အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို လိုလားသည်။
ထိုအခြေခံ(၃)ရပ်ပေါ်မူတည်၍ တည်တံ့ခိုင်မြဲသောနိုင်ငံတော်ကို တွေ့မြင်လိုပါတယ်။ ထိုမှတစ်ဆင့် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်မျိုးသားလုံးနဲ့အတူ ညီညာဖြဖြ လက်တွဲဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့သော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဖွဲ့စည်းပါတယ်။
ပြည်သူတို့မှ .....
ပြည်သူတို့၏ ..................... ပြည်သူတို့အတွက် .......................ဒီမိုကရက်တစ်ပါတီ
ကျေးဇူးတင်ပါတယ်ရှင့်။
ပါတီ၏သီချင်းစာသား
တူညီဆန္ဒ
တေးရေး - ထွဋ်ခေါင်တင်
တေးဆို - စန္ဒာ
၁။ ရောင်နီလင်းဖြာ နေခြည်သာယာလှတာ နံနက်ခင်းရဲ့ မင်္ဂလာပါ၊ ထွန်းလင်းတောက်ပ တို့ပြည်ရွာ ညီညွတ်ခြင်းနဲ့ လက်တွဲညီကာ မဲရုံကို သွားကြမယ်ကွာ။
၂။ ရွှေလီဝင်းဝင်းဝါ ချိန်ခါသမယမှာ အရုဏ်ဦးရဲ့ တေးသံဖြာ၊ နိုးကြား ထက်မြက် တို့ပြည်မြန်မာ၊ တူယှဉ်နွှဲလို့ ပေါင်းစုညီကာ မဲရုံကို သွားကြမယ်ကွာ။
၃။ မဲပေးကြမှာ၊ မဲပေးကြမှာ၊ ပြည်သူ့အကျိုးပြု ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီအား မဲပေးကြမယ်ကွာ။
၄။ အသည်းကြားက မဲတစ်ပြားဟာ၊ တန်ဖိုးကြီးစွာ မဲပေးကြတော့မှာ၊ ပြည်သူအတွက် အားထားရာ ဒီမိုကရက်တစ်ပါတီပါ၊ တူညီဆန္ဒမဲပေးကြမှာ ဝမ်းမြောက်ကြည်သာ ပြည်သူ့အတွက် နှိုးဆော်လိုက်ပြီကွာ။
Newspaper - 3344 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
