ဒီလိုပြိုင်ပွဲကြီးတွေမှာ အနုပညာသမားဖြစ်တဲ့သူတွေက ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ရာရောက်တဲ့အတွက် အခုလိုပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်
ဒီလိုပြိုင်ပွဲကြီးတွေမှာ အနုပညာသမားဖြစ်တဲ့သူတွေက ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ရာရောက်တဲ့အတွက် အခုလိုပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်
Ministry of Information/ Naypyitaw / October 12, 2025

မောင်ကောင်းချစ်ပိုင်စိုး
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြည်ထောင်စုနယ်မြေအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-
မနှင်းယုယုလွင်
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
မယ်ဒလင်ပြိုင်ပွဲဝင်
အရင်နှစ်တွေကလည်း ဝင်ပြိုင်ဖူးပါတယ်။ မနှစ်ကကျင်းပတဲ့ (၂၅)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာတော့ တတိယရရှိခဲ့ပါတယ်။ အခုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အချိန်ငါးလလောက် ယူပြီးတော့ သေချာကြိုးစား ပြင်ဆင်ခဲ့ပါတယ်။ အကောင်းဆုံးတော့ ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့်စိတ်လှုပ်ရှားနေတဲ့ အတွက်ကြောင့် နည်းနည်းတော့ လောသွားတာမျိုး ဖြစ်ပါတယ်။ နောက်ထပ်လည်း ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာ အဆိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ အဆိုနဲ့ပတ်သက်ရင် ကာလပေါ်တို့ မဟာဂီတို့ဘက်ကို ဝါသနာပါပါတယ်။ ကြိုက်လည်း ကြိုက်နှစ်သက်ပါတယ်။
မချစ်ပိုပိုအောင်
ဧရာဝတီတိုင်းဒေသကြီး
ကိုယ်စားပြု
မယ်ဒလင်ပြိုင်ပွဲဝင်
အရင်နှစ်တွေကတော့ ပြိုင်ဖူးတယ်။ အခုလိုမျိုးဗဟိုအဆင့်ပြိုင် တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျွန်မက မယ်ဒလင်တစ်မျိုးတည်း မဟုတ်ဘူး။ (၁၅-၂၀) ဆိုင်း အဖွဲ့လိုက်မှာလည်း ပါတဲ့အတွက် နှစ်မျိုးကို မျှပြီး လေ့ကျင့်ရလို့ နည်းနည်းတော့ အခက်အခဲရှိခဲ့ပါတယ်။ ဒါပေမယ့် ကြိုးစားပြီး အကောင်းဆုံးယှဉ်ပြိုင် ခဲ့ပါတယ်။ ယှဉ်ပြိုင်ရတဲ့အပေါ်မှာလည်း အားရကျေနပ်မှုရှိပါတယ်။ အနုပညာအလုပ်အနေနဲ့ကတော့ ကျောင်းပိတ်ရက်တွေမှာတော့ အပြင်ဝိုင်းတွေမှာ လိုက်ဆိုဖြစ်ပါတယ်။ အတီးထက်စာရင် အဆိုကို ပိုပြီးအားသန်လို့ နောက်နှစ်တွေမှာတော့ အဆိုကို ဦးစားပေး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မောင်ဖြိုးပြည့်စုံ
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အိုးစည်/ဒိုးပတ် ပြိုင်ပွဲဝင်
အရင်တုန်းကလည်း ပြိုင်ပွဲအတော်များများ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ သုံးနှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်ကြိမ်မှာ ရွှေရယ်၊ ကြေးရယ်ရခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာတော့ အိုးစည်က ငါးယောက်၊ ဒိုးပတ်က ခြောက်ယောက် ပါဝင်ယှဉ်ပြိုင်တာပါ။ အနည်းဆုံး တစ်လကျော် လောက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ ဒီနှစ်မှာလည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီးတော့ ရွှေရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒီလိုအိုးစည်/ဒိုးပတ်ပြိုင်ရတာ အတော်လည်း ပီတိဖြစ်မိတယ်။ ပညာတွေလည်း အများကြီးရပါ တယ်။ မျိုးဆက်သစ်တွေ ပေါ်ပေါက် လာဖို့အတွက်က ဒီလိုပြိုင်ပွဲတွေ ရှိမှပဲဖြစ်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးတွေ နှစ်စဉ်ကျင်းပပေးတဲ့ တာဝန်ရှိသူ တွေအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိရပါတယ်။
မောင်ရန်နိုင်လင်း
ကယားပြည်နယ်ကိုယ်စားပြု
အိုးစည်/ဒိုးပတ်ပြိုင်ပွဲဝင်
ကျွန်တော်တို့အဖွဲ့က ပြိုင်ပွဲဝင်အားလုံးပေါင်း ရှစ်ယောက်ပါ။ တကယ်ဝင်ပြိုင်တာကတော့ ငါးယောက်ပါ။ အရင်ကတော့ မပြိုင်ဖူးပါဘူး။ အခုက ပထမဆုံးအကြိမ်ပါ။ တစ်လနီးပါးလောက် လေ့ကျင် ပြင်ဆင်ခဲ့ပြီးတော့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတံဆိပ်ရခြင်း၊ မရခြင်းကတော့ ကံတရားပေါ့ဗျာ။ ပထမ ဦးဆုံးအကြိမ် လာရောက်ယှဉ်ပြိုင် တာဖြစ်လို့ အတွေ့အကြုံ၊ ဗဟုသုတအသစ်တွေ အများကြီးရရှိပါတယ်။ အခုလိုမျိုး လာရောက်ယှဉ်ပြိုင် ခြင်းအားဖြင့် ကိုယ်မသိသေးတာတွေလည်း လေ့လာခွင့်ရသလို ပညာတွေလည်း အများကြီးရပါတယ်။
မောင်အောင်မျိုးထွေး
မွန်ပြည်နယ်ကိုယ်စားပြု
အိုးစည်/ဒိုးပတ်ပြိုင်ပွဲဝင်
အခုလို ယှဉ်ပြိုင်တာကတော့ ငါးယောက်ပေါ့။ အိုးစည်၊ ဒိုးပတ်၊ နှဲ အစုံပါတယ်။ ကျွန်တော်ကတော့ အိုးစည်၊ ဒိုးပတ်၊ အကနေရာတွေမှာ ပါဝင်တာဖြစ်ပါတယ်။ အသက် (၁၅-၂၀)တန်းမှာ ပါဝင်ယှဉ်ပြိုင်တာပါ။ ပထမဦးဆုံးပြိုင်ပွဲဝင် အတွေ့အကြုံပဲ ဖြစ်ပါတယ်။ အခုလို ပြိုင်ခွင့်ရအောင် ကူညီပံ့ပိုးပေးတဲ့ ဆရာတွေအားလုံးကို ကျေးဇူးတင်ရသလို ဒီလိုပွဲကြီးဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ နိုင်ငံတော်က တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ကျွန်တော်ဝါသနာ အပါဆုံးကတော့ အကဖြစ်ပါတယ်။
မောင်အောင်ဘုန်းခန့်
စစ်ကိုင်းတိုင်းဒေသကြီး
ကိုယ်စားပြု
အိုးစည်/ဒိုးပတ်ပြိုင်ပွဲဝင်
ဒီနှစ်ရောဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ သုံးကြိမ်ရှိပါပြီ။ မနှစ်ကတော့ ပလွေနဲ့ ရွှေရခဲ့ပါ တယ်။ ဒီနှစ်မှာလည်းရွှေတော့ မှန်းထားပါတယ်။ ရတာ၊ မရတာ တော့ ကံတရားပေါ့ဗျာ။ အိုးစည် (၁၅-၂၀)ကို ဝင်ရောက်ယှဉ်ပြိုင်တာပါ။ နောက်ပြီးတော့နှဲ တစ်ကိုယ်တော်ပြိုင်တယ်။ ဆိုင်းအဖွဲ့လိုက်ပြိုင်တယ်။ ဒိုးပတ် လည်း ပြိုင်ပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေ၊ ပညာတွေအများကြီး ရရှိစေပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။
မောင်စောဘုန်းလွင်
ကယားပြည်နယ်ကိုယ်စားပြု
မယ်ဒလင်ပြိုင်ပွဲဝင်
ပထမဦးဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အတီးနဲ့ ပတ်သက်လို့ ဝါသနာပါခဲ့ပါတယ်။ ဒါပေမယ့် မယ်ဒလင်ကတော့ အခုမှ တီးဖြစ်၊ ပြိုင်ဖြစ်တာပါ။ သုံးလလောက် လေ့ကျင့်ခဲ့ပေမယ့် ကျောင်းတစ်ဖက်နဲ့မို့လို့ အခက်အခဲတွေတော့ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြိုင်ပွဲအတွေ့အကြုံယူတဲ့သဘောမျိုးပါ။ နောက်နှစ်တွေမှာတော့ အကောင်းဆုံးကြိုးစား ပြင်ဆင်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မယ်ဒလင်အပြင် အဆိုကိုလည်း ဝါသနာပါပါတယ်။ မယ်ဒလင်နဲ့ အဆိုရွေးရမယ်ဆိုရင် အဆိုဘက်ကို ပိုပြီးအလေးသာပါတယ်။ နောက်နှစ် ပြိုင်ပွဲတွေမှာတော့အဆိုကို ဦးစားပေးယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။
မောင်ကောင်းချစ်ပိုင်စိုး
ဧရာဝတီတိုင်းဒေသကြီး
ကိုယ်စားပြု
ဂီတာပြိုင်ပွဲဝင်
မြန်မာဂီတာပညာရပ်က မြန်မာနိုင်ငံမှ စတင်တာတော့မဟုတ်ပါဘူး၊၊ ဂျာမနီနိုင်ငံက စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ဆင့်ကဲဆင့်ကဲ မြန်မာနိုင်ငံကို ပြန့်ပွားလာကာ ဆရာ ဦးအုန်းလွင်၊ ဆရာ ဦးမင်းမင်းဦးတို့တွေက စတင်တီးခတ်ခဲ့ကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာ စတင်ထည့်သွင်းယှဉ်ပြိုင် လာခဲ့တာဖြစ် ပါတယ်၊၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကို ဝင်ရောက် မယှဉ်ပြိုင်တာ ခြောက်နှစ်လောက်ရှိပါပြီ၊၊ ဒီလိုပြိုင်ပွဲကြီးတွေမှာ အနုပညာသမားဖြစ်တဲ့သူတွေက ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ရာ ရောက်တဲ့အတွက် အခုလိုပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက် သင့်ပါတယ်၊၊ (၁၉) ကြိမ်မြောက်မှာ စတင်ယှဉ်ပြိုင်ခဲ့တာ ဘာသာရပ် သုံးခုလောက် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွှေတံဆိပ်သုံးခုလောက်ရရှိခဲ့ ဖူးပါတယ်၊၊ မနှစ်က မယ်ဒလင်နဲ့ ဂီတာပြိုင်ပွဲမှာ ရွှေတံဆိပ်နှစ်ခုရရှိခဲ့ပါတယ်၊၊ ရှေ့ဆက်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပြိုင်ပွဲကြီးတွေကို မပျောက်ပျက်သွားအောင် ဆက်လက်စီစဉ် ကျင်းပပေးပါလို့ နိုင်ငံတော် တာဝန်ရှိသူတွေ အားလုံးကို ပြောကြားချင်ပါတယ်၊၊ နောက်တက်လာမယ့် လူငယ်မျိုးဆက်သစ်တွေအနေနဲ့ မပျောက်ပျက်သွားအောင် ဆက်လက်ထိန်းသိမ်း ကြိုးစားပေးကြပါလို့ လည်း တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ်၊၊
မောင်ထက်ဦးခန့်
ကရင်ပြည်နယ်ကိုယ်စားပြု
စန္ဒရားအတီးပြိုင်ပွဲဝင်
ဒီနေ့ပြိုင်ပွဲမှာ “ချောကလျာ (ကာလပေါ်)” သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ ကျွန်တော့် အသက် ခြောက်နှစ်အရွယ်မှာ စန္ဒရားပညာရပ်နဲ့ ထိတွေ့ခွင့်ရရှိ ခဲ့ပါတယ်။ စန္ဒရားတီးခတ်နေတဲ့ အချိန်တွေဆို ပျော်ရွှင်နေမိပါတယ်။ ဖြေလျော့ခွေ(ပတ်ပျိုး)၊ ချောကလျာ (ကာလပေါ်)၊ အင်ကြင်းသရဖီ (ယိုးဒယား) သီချင်းသုံးပုဒ်နဲ့ လေ့ကျင့်ပြင်ဆင်ခဲ့တဲ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်၊၊
မောင်ရဲဝင်းလှိုင်
ရခိုင်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအဆင့်
စောင်းအတီးပြိုင်ပွဲဝင်
(၂၃)ကြိမ်မြောက်မှာ စတင် ယှဉ်ပြိုင်တာဖြစ်ပြီး အဆင့်မြင့် ပညာအဆင့် မဟာဂီတနဲ့ ခေတ် ဟောင်း၊ ကာလပေါ်မှာ ရွှေတံဆိပ်ဆုနဲ့ ငွေတံဆိပ်ဆုတွေရရှိခဲ့ပါတယ်။ (၂၄)ကြိမ်မြောက် ဝါသနာရှင်(ဒုတိယတန်း) မဟာဂီတ၊ အဆင့်မြင့်ပညာအဆင့် ခေတ်ဟောင်း/ကာလပေါ်နဲ့ အဆင့်မြင့် ပညာအဆင့် အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်တင်ရေး အဆိုပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်၊၊ (၂၅)ကြိမ်မြောက် ဝါသနာရှင် (ပထမတန်း) ပညာရှင်အဆင့် မဟာဂီတနဲ့ ဝါသနာရှင် (ဒုတိယ တန်း) အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေး အဆိုပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်၊၊ အခုနှစ်မှာ အတီးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေတော့ ဖြစ်နေပါတယ်။ အဆိုယှဉ်ပြိုင်မှုနဲ့ အတီးယှဉ်ပြိုင်မှုတွေက မတူကွဲပြားမှုတွေကိုလည်း အများကြီးတွေ့ရပါ တယ်၊၊ အခုလိုပြိုင်ပွဲကြီးတွေကို နှစ်တိုင်းကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်လူငယ်တွေအနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ပိုပြီးမြတ်နိုးတန်ဖိုး ထားလာမယ်၊ ခိုင်မာတောင့်တင်း တဲ့ အုတ်မြစ်ကြီး ဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်၊၊ ဒီနှစ်ဆိုရင် စောင်းအတီးပညာရပ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေအများကြီး ယှဉ်ပြိုင်လာတာတွေ့မြင်ရပါတယ်၊၊
တွေ့ဆုံမေးမြန်း - လင်းရာမ
ဓာတ်ပုံ - ကိုထက်
Newspaper - 3316 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။
