ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေး
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေး
Ministry of Information/ Naypyitaw / April 26, 2025

နေပြည်တော် ဧပြီ ၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန ရုံးရှေ့မြက်ခင်းပြင်၌ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယခုလို သဘာဝဘေးအန္တရာယ်ကို မမျှော်လင့်ဘဲကြုံတွေ့ရသည့်အချိန်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို သင်ခန်းစာယူပြီး ကြံ့ကြံ့ခံနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်၊ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် မိဘ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေဆုံးရှုံးမှုများကြုံရပြီး ဝမ်းနည်းပူဆွေးစရာများ ဖြစ်ရသော်လည်း ခံနိုင်ရည်မကျသွားရန် ပြောကြားလိုကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သဘာဝဘေးအန္တရာယ် (ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး) မျိုးစုံကြုံတွေ့နေရကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်ငလျင်ဒဏ်ကို အုပ်ချုပ်ရေးမြို့တော် အပါအဝင် ဒေသအများအပြားတွင် ခံစားရသည့်အတွက် နိုင်ငံတော်အနေဖြင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးကိစ္စရပ်များကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများနေထိုင်စားသောက်ရေးကိစ္စရပ်များကို အစွမ်းကုန် ဆောင်ရွက်ပေးနေကြောင်း၊ ယခုဆိုလျှင် ငလျင်လှုပ်ခတ်ပြီး တစ်လခန့်ရှိပြီဖြစ်၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့်ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့်လုပ်ငန်းများ ပုံမှန် ပြန်လည်ဆောင်ရွက်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဝန်ထမ်းများ၏ လတ်တလောကြုံတွေ့နေရဆဲ အခက်အခဲများရှိက တင်ပြနိုင်ရန်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တင်ပြကြရန်နှင့် အတတ်နိုင်ဆုံး စုပေါင်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဦးစီးဌာနအလိုက် ဝန်ထမ်းများက ၎င်းတို့၏လိုအပ်ချက်များ ကိုတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3144 items

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download