ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး ပြင်ဦးလွင်ဒေသခရီသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး ပြင်ဦးလွင်ဒေသခရီသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Ministry of Hotel & Tourism/ နေပြည်တော် / February 10, 2025

နေပြည်တော်၊ ဖေဖော်ဝါရီ ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များကို ပြင်ဦးလွင်မြို့ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားကဏ္ဍလူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရေး၊ အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းမှတဆင့် ဒေသခံများအလု်ပအကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ဆောင်ရွက်ရာတွင် အစိုးရ-ပုဂ္ဂလိက-ဒေသခံပြည်သူ (public -private-people) မဏ္ဍိုင်(၃)ရပ် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရှင်များက ၎င်းတို့၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရ သည့်အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေစံအိမ်ဟိုတယ်ရှိ Governor’s House သို့ သွားရောက် ကာ ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင် ရုံးခွဲသို့သွားရောက်ကာ ရုံးခွဲတာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊အမှုထမ်းများအားတွေ့ဆုံ မှာကြားပြီး ခရီးသွားဧည့်သည်များ ခရီးသွားဆွဲဆောင်ရာနေရာများနှင့် ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို အဆင်ပြေလွယ်ကူချောမွေ့စွာရရှိနိုင်ရန်အတွက် ပြင်ဦးလွင်ရုံးခွဲတွင် ဖွင့်လှစ်ထားသည့် သတင်းအချက်အလက်ပြန်ကြားရေးကောင်တာ (Information Counter) အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Source From: Kyemon
Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download