ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မန္တလေးနည်းပညာတက္ကသိုလ်၌ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်အကြိုဂုဏ်ပြု အင်ဂျင်နီယာပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မန္တလေးနည်းပညာတက္ကသိုလ်၌ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်အကြိုဂုဏ်ပြု အင်ဂျင်နီယာပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / October 13, 2024

နေပြည်တော် အောက်တိုဘာ ၁၂
မန္တလေးနည်းပညာတက္ကသိုလ်၌ အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုလျက် “အင်ဂျင်နီယာများ၏စွမ်းအားဖြင့် အနာဂတ်ကောင်းများကို ပူးပေါင်းမြှင့်တင်ကြပါစို့” ဆောင်ပုဒ်ဖြင့် အင်ဂျင်နီယာပွဲတော် (MTU Engineering Festival 2024) ကို Project Show များ၊ စာတမ်းဖတ်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် အစီအစဉ်စုံလင်စွာကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်ဂျင်နီယာကျောင်းသားများ ၁၀၀၀ ခန့် စိတ်ဝင်စားပျော်ရွှင်စွာ ဆင်နွှဲကြပြီး မွန်းလွဲပိုင်းအစီအစဉ်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် ဆက်လက်တက်ရောက်အားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မစာသင်ဆောင်(၂)၌ ကျင်းပလျက်ရှိသော အင်ဂျင်နီယာသုတေသီများ၏ Talk Show ကိုလည်းကောင်း၊ စာတမ်းဖတ်ပွဲ Parallel Session များကို လည်းကောင်း၊ စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကိုလည်းကောင်း ကြည့်ရှုအားပေး၍ ဘဝတိုးတက်ရေး၏ ရေသောက်မြစ်မှာ စာဖတ် ခြင်းပင်ဖြစ်ပြီး အင်ဂျင်နီယာ အရည်အချင်းပြည့်ဝစေမှုအပါအဝင် စာပေမှတန်ဖိုးမဖြတ်နိုင် သောအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းမှာကြားကာ ကျောင်းသားကျောင်းသူများထံ အင်ဂျင်နီယာ ပညာရေးနှင့် သုတ၊ ရသစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်မစာသင်ဆောင် (၁) ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့ကြိုအင်ဂျင်နီယာဘာသာရပ် ၁၀ ခုမှ ကျောင်းသားကျောင်းသူများ၏ Engineering Battle ကို အဖွဲ့လိုက်စိတ်အားထက်သန်လျက် ပျော်ရွှင်တက်ကြွစွာ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားမစတင်မီ Engineering Battle တွင် ယှဉ်ပြိုင်ခဲ့ကြသည့်အဖွဲ့များကို Online Voting ပေးနေစဉ် ဖျော်ဖြေရေးအစီအစဉ်များကိုကျင်းပသည်။ ကျောင်းသား ကျောင်းသူများက မင်္ဂလာပါ သီချင်းနောက်ခံဖြင့် အက၊ မလေးလက်ခတ်သံ သီချင်းနောက်ခံဖြင့်အက၊ မနောမြေမှတေးသံသာ သီချင်းနောက်ခံဖြင့် အကနှင့် မန်းတောင်ရိပ်ခို သီချင်းကိုသီဆို၍ အကတို့ဖြင့် အဖွဲ့လိုက်အသီးသီးဖျော်ဖြေ တင်ဆက်ကြရာ ဒုတိယဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များထံ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေ ၁၀ သိန်း ကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲတွင် ဒုတိယဝန်ကြီး၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ တပ်မတော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ခံဒုတိယပါမောက္ခချုပ်များက ဆုရရှိသူများထံဆုများကို ဂုဏ်ပြုချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက အင်ဂျင်နီယာစွမ်းရည်မြှင့်တင်ရေး စိတ်ခွန်အားများရရှိခဲ့မှုများနှင့် အမှတ်တရကျေးဇူးတင်စကားများ ပြောကြားကာ ဒုတိယဝန်ကြီးက မြန်မာ့အင်ဂျင်နီယာကြီးများ၏ သမိုင်းဝင်နိုင်ငံ့အကျိုးပြုစွမ်းဆောင်နိုင်မှုများကို မျိုးဆက်သစ်အင်ဂျင် နီယာလူငယ်များက အားကျအတုယူကြပြီး တာဝန်များကို ပခုံးပြောင်းထမ်းရွက်ချိန်၌ ခေတ်မီအင်ဂျင်နီယာစွမ်းရည်များဖြင့် အနာဂတ်ကောင်းများကို စည်းလုံးညီညွတ်စွာပူးပေါင်းမြှင့်တင် တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3204 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။
