ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်ကျင်းမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက်


Ministry of Information/ Naypyitaw / November 24, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်ကျင်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (2024 World Vocational and Technical Education Development Conference) သို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဝင်းနှင့်အတူ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်တွင် Tiankai အဆင့်မြင့်ပညာ ဆန်းသစ်တီထွင်မှုဌာနသို့ သွားရောက်လေ့လာပြီး ညနေပိုင်းတွင် ညီလာခံအထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။

နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ထျန်ကျင်းမြို့ အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ကျင်းပသော ညီလာခံဖွင့်ပွဲအခမ်းအနားနှင့် ညီလာခံ Keynote မိန့်ခွန်းများ အစီအစဉ်ကို တက်ရောက်သည်။ ထို့နောက် ညီလာခံအထူးပြခန်းကို ကြည့်ရှုပြီး မွန်းလွဲပိုင်းတွင် “သက်မွေးပညာ အရည်အသွေးမြင့်မားရေးအတွက် လုပ်ငန်းခွင်နှင့် ပညာရေးပေါင်းစည်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက်ကာ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်အချို့တွင် ဖွင့်လှစ်ထားသော MSME အထောက်အကူပြု ဘွဲ့၊ ဒီပလိုမာသင်တန်းများအကြောင်းကို အသိပေးဆွေးနွေးကာ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ထျန်ကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် (Tianjin Foreign Studies University) သို့ သွားရောက်လေ့လာရာ President Dr Li Yingying နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဧည့်ခန်းမတွင် နှစ်နိုင်ငံဘာသာစကား တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။

ထို့နောက် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုကာ မြန်မာဘာသာစကား သင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများကို စာသင်ခန်းတွင် တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2991 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download