ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / February 24, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

နေပြည်တော်ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသုတေသနဌာန၌ ကျင်းပသည်။

ထိုကဲ့သို့ ဝန်ထမ်းများ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စုပေါင်းဆင်နွှဲနေမှုကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးက ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် သုတေသနဓာတ်ခွဲခန်းများ ပြုပြင်မွမ်းမံထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သတ္တုရိုင်းသန့်စင်ထုတ်လုပ်ရေးဌာနရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူသည့် ရွှေစင်ပြားများ၏ အရည်အသွေးများကို တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများမှ ရလဒ်များ၊ ဇလသတ္တုဗေဒဌာနရှိ EV သုံး လီသီယမ်ဘက်ထရီဆိုင်ရာ သုတေသနလုပ်ငန်းများမှ ရလဒ်များနှင့် အဂ္ဂိသတ္တုဗေဒဌာနစုရှိ အလေးစီးသဲတွင်ပါဝင်သော မိုနာဇိုက်မှ မြေရှားဒြပ်စင်အောက်ဆိုဒ်များ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများမှ သံ၊ သံမဏိနှင့် သတ္တုစပ်ထုတ်လုပ်ရေးဌာနရှိ ပြည်တွင်းမှရရှိသော Manganese Ore မှ Ferro Manganese Alloy ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းမှ ရလဒ်များကို စစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများဖြစ်၍ နည်းပညာတိုးတက်မှုအရွေ့များနှင့် အမီလိုက်ပါနိုင်ရေးနှင့် စပ်လျဉ်း၍ အသေးစိတ်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီးသည် သုတေသနဌာနမှ တာဝန်ရှိသူများထံ သုတ၊ ရသစာအုပ်များ၊ သုတေသနဂုဏ်ပြုဆုများ၊ လုပ်သက်ရင့်သက်ကြီးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းအိမ်ရာများ ပြုပြင်မွမ်းမံထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3087 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download