ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး
ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး
Ministry of Information/ Naypyitaw / June 13, 2025

နေပြည်တော် ဇွန် ၁၂
မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဇွန် ၁၁ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (2nd Meeting of ASEAN Geoeconomics Task Force) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံစီးပွားရေးဝန်ကြီးများ အစည်းအဝေးရလဒ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများအပေါ် အာဆီယံအနေဖြင့် မူဝါဒဆိုင်ရာ တုံ့ပြန်မည့် အာဆီယံပေါင်းစည်းမှုအစီရင်ခံစာရေးဆွဲရေးနှင့် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေးအခြေအနေကို အာဆီယံ၏ ခိုင်မာ၍ အားလုံးပါဝင်သည့် စီးပွားရေးပေါင်းစည်းမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း၊ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ချဲ့ထွင်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ အသစ်ဆောင်ရွက်မည့်လုပ်ငန်းများကို အာဆီယံ၏ ဦးစားပေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အေအီးစီမဟာဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၀ ကို အတည်ပြုပြီးဖြစ်၍ ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းများကို မဟာဗျူဟာအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပြောင်းအလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ်နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည်တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် တစ်ဦးစီနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းမှ အကြီးတန်းစီးပွားရေး ပညာရှင်တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3275 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
