ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး
Ministry of Information/ Naypyitaw / June 15, 2025
နေပြည်တော် ဇွန် ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ ဇီဝလုံခြုံမှုညီလာခံအကြီးအကဲတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုချီမြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဆိုချီမြို့ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် ညီလာခံ၏ အစီအစဉ်များသို့ အခြားသောနိုင်ငံ များမှ BWC ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။
Mayakovsky ခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲ Session No. 1 တွင် မော်စကိုအခြေစိုက် အဖွဲ့အစည်းဖြစ်သော ဥပဒေစည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာစနစ်များ (Compliance and Integrity Systems-CIS)၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအထွေထွေပြဿနာများဌာန (Department of Humanitarian Cooperation, General Political and Social Problems)၏ အကြံပေးပုဂ္ဂိုလ် Ms. Elena Shamal က ဆွေးနွေးပွဲ ညှိနှိုင်းကွပ်ကဲသူအဖြစ် ဆောင်ရွက်ကာ ရုရှားဦးဆောင်သော စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့အစည်း (Collective Security Treaty Organization-CSTO)၊ မော်စကို အခြေစိုက်လိုက်နာမှုနှင့် ကျင့်ဝတ်သိက္ခာပြည့်ဝမှု စနစ်များ (Compliance and Integrity Systems-CIS)အဖွဲ့၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Shanghai Cooperation Organization-SCO)၊ အာဆီယံ (ASEAN)နှင့် အာဖရိကသမဂ္ဂ (African Union)တို့၏ ဇီဝလုံခြုံမှု လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇီဝလုံခြုံမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
ညပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆိုပါဟိုတယ်ညီလာခံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Sergey Ryabkov က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3511 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
