ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းရပ်များ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းရပ်များ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 09, 2025

နေပြည်တော် ဇူလိုင် ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နားမကြားသော ကလေးများကျောင်းရှိ ပင်မဆောင်အဆောက်အအုံထိခိုက်ပျက်စီးမှုအခြေအနေနှင့် စာသင်ဆောင် အဆောက်အအုံ၊ အမျိုးသား/ အမျိုးသမီးအိပ်ဆောင် အဆောက်အအုံ စားဖိုဆောင်နှင့် ရိပ်သာအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မူလတန်းကြိုကျောင်းအမှတ် (၂) ရှိ ပင်မစာသင်ဆောင်နှင့် ကလေးကစားကွင်းကိုလည်းကောင်း၊ ဒေးဝန်းမူလတန်းကြိုကျောင်းရှိ စာသင်ဆောင်နှင့် မန္တလေးလူငယ်သင်တန်းကျောင်းရှိ သုံးထပ်ဆောင်အဆောက်အအုံနှင့် ပင်မနှစ်ထပ်ဆောင် အဆောက်အအုံကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ယာယီအဆောင်များနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည်များကို မှာကြားပြီး အဆိုပါကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဆရာ ဆရာမများကို အားပေးစကားပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့) သို့ ရောက်ရှိ၍ ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့် အလှူပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘေးသင့်ပြည်သူများထံ အချိန်မီ ထောက်ပံ့နိုင်ရေး၊ သိုလှောင်ရုံလက်စွဲနှင့်အညီ ပစ္စည်းများ လေလွင့်ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ ပစ္စည်းများ ထုတ်ပေးရာတွင် စနစ်တကျရှိစေရေးနှင့် စာရင်းဇယားများကို စနစ်တကျ ပြုစုမှတ်တမ်းတင်ထားရှိရေးတို့အတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3240 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
