ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဇီဝကျင့်ဝတ်များ(Bioethics)ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဇီဝကျင့်ဝတ်များ(Bioethics)ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်
Ministry of Information/ Naypyitaw / November 15, 2025
နေပြည်တော် နိုဝင်ဘာ ၁၄
ဇီဝကျင့်ဝတ်များ (Bioethics) ဆိုင်ရာဆွေးနွေးပွဲ (၁/၂၀၂၅) ကို နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇီဝနည်းပညာ ဆန်းသစ်တီထွင်မှုများကို သဘာဝလုပ်ငန်းစဉ်များအတိုင်းအသုံးချ၍ စိုက်ပျိုး-မွေးမြူရေး စက်မှုလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေး၊ လူသားများ၏ ကျန်းမာရေးသာယာဝပြောရေးနှင့် ရေရှည်တည်တံ့ရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးစသည့်ကဏ္ဍများတွင် အကျိုးရှိစွာအသုံးချနိုင်ကြောင်း၊ ယနေ့ခေတ် ဇီဝနည်းပညာအပါအဝင် နည်းပညာဖွံ့ဖြိုးမှုနှုန်းများ မြန်ဆန်လျက်ရှိပြီး AI အပါအဝင် ဒစ်ဂျစ်တယ် နည်းပညာအသုံးချမှုများသည် အဓိကမောင်းနှင်အားများဖြစ်လာရာ မျိုးရိုးဗီဇပြုပြင်မှု၊ မျိုးရိုးဗီဇအချက်အလက်များကာကွယ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ Circular Economy စသည်တို့တွင် ဇီဝကျင့်ဝတ်နှင့်ကိုက်ညီသော သုတေသနလုပ်ငန်းများ၊ တာဝန်ယူမှုရှိသော ဇီဝနည်းပညာဆန်းသစ်တီထွင် ဆောင်ရွက်မှုများကို မြှင့်တင်ရန်လိုအပ်လာကြောင်း၊ ယင်းမှတစ်ဆင့် နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇီဝနည်းပညာသုတေသနကျင့်ဝတ်များ၊ အာဆီယံနှင့် နိုင်ငံတကာတွင် ဇီဝကျင့်ဝတ်မူဝါဒများရေးဆွဲဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၂ ခုတို့မှ တာဝန်ရှိသူများ၊ ဒေသတွင်း တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရှင်များ၊ တောင်သူများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအစိုးရ စက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)သို့ ရောက်ရှိကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် အထောက်အကူပြုသည့် သင်တန်းများကိုအရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန်မှာကြားပြီး အင်ဂျင်နီယာဌာနအလုပ်ရုံများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ် ကျောင်းသား ကျောင်းသူများ၏ ဆိုလာလျှပ်စစ် စက်ဘီးအားသွင်းစနစ်၊ အင်တာနက်အခြေပြု ဆိုလာစိုက်ပျိုးရေပေးဝေရေးစနစ်၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်များနှင့်ဓာတ်အားစနစ်ပုံစံငယ်၊ ကြိုးမဲ့ထိန်းချုပ်မြက်ဖြတ်စက် စသည့် သုတေသနပရောဂျက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုအားပေးကာ သုတေသနထူးချွန်ဆုများကို ဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အင်ဂျင်နီယာဘာသာရပ်အလိုက် စာသင်ခန်းများနှင့် အလုပ်ရုံများတွင် သင်ကြားလေ့ကျင့်လျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ နိုင်ငံတော်က အမှန်တကယ်အားထားရသော နည်းပညာရှင်လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းကြိုးပမ်းသွားကြရန်မှာကြား၍ သုတေသနထူးချွန်ဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3470 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
