ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်တက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်တက်ရောက်
Ministry of Information/ Naypyitaw / December 04, 2025
နေပြည်တော် ဒီဇင်ဘာ ၃
ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုင်ဆယ်မြို့ရှိ ပိုင်ဆယ်အစိုးရအရာရှိများ ကောလိပ်တွင် ဆက်လက်ကျင်းပရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်သည်။
နံနက်ပိုင်း အထူးဟောပြောပွဲတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အကြံပေးပညာရှင်နှင့် CPC ပါတီကော်မတီကထိကအဖွဲ့က အထူးခန့်အပ်ခံရသူ ပါမောက္ခလင်းရှုဟန်က “Smart စိုက်ပျိုးရေး ကို ဖွံ့ဖြိုးတိုးတက်စေပြီး ကျေးလက်ဒေသ ပြန်လည်ထွန်းကားရေးကို အားဖြည့်ခြင်း- AI ကို စိုက်ပျိုးရေး နယ်ပယ်တွင် အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်ရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်တွင်းပညာရှင်များကို ခိုင်မာစွာ စုစည်းအသုံးချနိုင်သည့် အားသာချက်ကို အပြည့်အဝဗဟိုပြုဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ နိုင်ငံ့ AI နည်းပညာသည် အကျိုးရှိဘေးကင်း၍ တရားမျှတမှုရှိရန်ဆိုသည့် ဦးတည်ချက်နှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံသည် AI+ စီမံကိန်းကို နက်ရှိုင်းစွာ အကောင်အထည်ဖော်လျက်ရှိပြီး AI စီးပွားရေးနှင့် AI လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခြေလှမ်းသစ်ကို အပြည့်အဝစတင်လျှောက်လှမ်းလျက်ရှိရာ ကွမ်ရှီးကျွမ့်ဒေသလည်း ပါဝင်ကြောင်း၊ AI ဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုးစေ့သုတေသနသည် ဗီဇနှင့်မော်လီကျူးခေတ်တို့သို့ ရောက်ရှိလာပြီး မျိုးရိုးဗီဇအရင်းအမြစ်များကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း AI ဖြင့် မျိုးစေ့ရွေးချယ်တီထွင်ခြင်း၊ Smart မျိုးဆက်ပွား ဓာတ်ခွဲခန်းများ တည်ထောင်ခြင်းတို့ပါဝင်ကြောင်း ရှင်းလင်းပြောကြားရာ မြန်မာကိုယ်စားလှယ်အဖွဲ့က ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက အမှတ်တရ လက်ဆောင်ပေးအပ် သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် China Railway Rolling Stock Cooperation limited-(CRRC) ရှိ အကြီးစားလေအားလျှပ်စစ်တာဘိုင်များထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်လေ့လာရာ ကွမ်ရှီး CRRC ဗဟိုစက်ရုံ အုပ်ချုပ်ရေးမှူး Mr.Wang Tao က တည်ဆောက်ထုတ်လုပ်လျက် ရှိသည့် လေအားလျှပ်စစ်တာဘိုင်များ၊ လျှပ်ထုတ်စက်များ၊ လေအားလျှပ်စစ်ဒလက်များ၊ အဆင့်မြင့်ထိန်းချုပ်စနစ်များဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက သိရှိလို သည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပိုင်ဆယ်မြို့၌ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် Shenhen ရပ်ကွက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက အဆိုပါ ရပ်ကွက်နေ ရွှေ့ပြောင်းလာသည့် တိုင်းရင်းသားများ နေထိုင်မှုအဆင်ပြေစေရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထားရှိသည့်အပြင် အနီးရှိစက်မှုဇုန်တွင်ပါ အလုပ်အကိုင်များ ရွေးချယ်ဆောင်ရွက်နိုင်အောင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကိုပါ စနစ်တကျ စီစဉ်ပေးထားပါကြောင်း ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အမှတ်တရလက်ဆောင်ပေးအပ်သည်။
ညနေပိုင်း၌ Xing Cheng မြို့ Tian Yang ခရိုင် Tianzhou ရပ်ကွက်ရှိ ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်ရေးခြံသို့ ရောက်ရှိရာ Xing Cheng ရွာ CPC ပါတီ ကော်မတီအတွင်းရေးမှူး Mr.Huang Feiyi နှင့် အဖွဲ့ဝင်များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး လူကြိုက်များသည့် မျိုးအလိုက် ခရမ်းချဉ်သီး မျိုးစေ့များကို သုတေသနစင်တာများမှ မှာယူ၍ စိုက်ပျိုးခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ခရမ်းချဉ်သီးရောင်းရငွေ တရုတ်ယွမ် သန်း ၈၀ ရှိပြီး တစ်နိုင်ငံလုံးတွင် ထွက်ရှိသည့် ခရမ်းချဉ်သီးများတွင် အကျော်ကြားဆုံးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားရာ မြန်မာကိုယ်စားလှယ်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ညပိုင်း၌ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Tian Zhou မြို့ဟောင်းရှိ ကျွမ့်လူမျိုးတို့၏ တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3369 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
