ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးနှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးနှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / October 02, 2024

နေပြည်တော် အောက်တိုဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဧရိယာအလိုက် ဆောင်ရွက်လျက်ရှိသော ဧရိယာ- C အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကန္တာရပင်မှ သစ်ငုတ်များတူးထုတ်ခြင်းလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားငယ်များဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးဂရုပြုဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံများနှင့်ပူးပေါင်း၍ အလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၈၁၂ (ထီးလိုမင်းလိုဘုရား) မြောက်ဘက် မဟာရံတံတိုင်းချင်မိတ်တိုးနှင့် အရှေ့ဘက် အာရုံခံတောင်ဘက် မုခ်ကပ်အနည်းငယ်ပဲ့ကျခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်) တောင်ဘက်နံရံနှင့် ပေါင်းကူးအမိုးပြိုကျမှုကို သွားရောက်ကြည့်ရှုပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ရေး၊ ရှေးဟောင်းအမွေအနှစ်လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၁၉၂ (နဂါးရုံဘုရား) အနောက်ဘက်တံတိုင်း အောက်ခြေခုံပဲ့ကျခြင်းနှင့် ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၆၇ (ဓမ္မစေတီ)၏ ပစ္စယာအောက်ပိုင်း ပဲ့ကျခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြုပြင် ထိန်းသိမ်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း Guideline များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3202 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။
