ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဆော်ဒီအာရေဗျနိုင်ငံ ရိရတ်ဒ်မြို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် တိုးရိုက်စ်ခရီးသွားလုပ်ငန်းဆွေးနွေးပွဲ တက်ရောက်
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဆော်ဒီအာရေဗျနိုင်ငံ ရိရတ်ဒ်မြို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် တိုးရိုက်စ်ခရီးသွားလုပ်ငန်းဆွေးနွေးပွဲ တက်ရောက်
Ministry of Information/ Naypyitaw / November 15, 2025
နေပြည်တော် နိုဝင်ဘာ ၁၄
ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလာရေးဝန်ကြီးနှင့်ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အတွင်းရေးမှူးချုပ်တို့၏ ဖိတ်ကြားချက်အရ ဆော်ဒီအာရေဗျနိုင်ငံ ရိရတ်ဒ်မြို့ရှိ မန်ဒရင်း အော်ရီယန်တယ်အယ်ဖဆာလိယဲ့ဟိုတယ်၌ နိုဝင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့(UN Tourism)၏ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အထွေထွေညီလာခံ(UN Tourism General Assembly) နှင့်ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အထွေထွေညီလာခံ၏ အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလာရေးဝန်ကြီး Mr. Ahmed Al-Khatib က ဆောင်ရွက်၍ နိုင်ငံတကာခရီးသွားလုပ်ငန်းအလားအလာများ၊ ၂၀၂၄-၂၀၂၅ ခုနှစ်များအတွက် အထွေထွေလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဘဏ္ဍာရေးအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ခုနှစ်များအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးလျာထားမှုများ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အပြည့်အဝအဖွဲ့ဝင်နိုင်ငံ ၁၆၁ နိုင်ငံနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံကာအဖွဲ့အစည်း ၄၉၇ ခုမှ ပူးပေါင်းအဖွဲ့ဝင်များအဖြစ်ဝင်ရောက်မှု၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ Ms. Shaikha Al Nowais အား UN Tourism ၏ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၆ခုနှစ်မှ ၂၀၂၉ခုနှစ် အထိခန့်အပ်ရန် အတည်ပြုမှုများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှန်ဟိုင်းမြို့တွင် ဒေသဆိုင်ရာရုံးတည်ထောင်ရန် အဆိုပြုချက်အပါအဝင် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းဒေသဆိုင်ရာရုံးများနှင့် ရုံးခွဲများတည်ထောင်မှု၊ အလုပ်အမှုဆောင်ကောင်စီ အစည်းအဝေးများ၏ အစီရင်ခံတင်ပြချက်များ၊ အနာဂတ်ခရီးသွားလုပ်ငန်းဆိုင်ရာ ရိရတ်ဒ်ကြေညာချက်အား အတည်ပြုထုတ်ပြန်မှုများ၊ အယ်လ်ဆာဗားဒေါနိုင်ငံနှင့် ကာဘိုဗာဒေးနိုင်ငံတို့မှ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားများလက်ခံကျင်းပရန် အဆိုပြုချက်များ၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အလုပ်အမှုဆောင်ကောင်စီကို အဖွဲ့ဝင်နိုင်ငံ ၁၇ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့မှုအခြေအနေများကို အထွေထွေညီလာခံမှ ဆွေးနွေးအတည်ပြုခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းကော်မတီအစည်းအဝေး၊ ခရီးသွားလုပ်ငန်းနှင့် ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေး ကော်မတီအစည်းအဝေး၊ ခရီးသွားလုပ်ငန်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကော်မတီအစည်းအဝေးနှင့် (၁၂၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကောင်စီ အစည်းအဝေးများသို့ လေ့လာသူအဖြစ်ပါဝင်တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို လေ့လာခဲ့သည်။
ဆက်လက်၍ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံဖွင့်ပွဲအခမ်းအနား၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ နှစ်(၅၀)မြောက်အခမ်းအနားနှင့် “ဉာဏ်ရည်တု(AI) နည်းပညာဖြင့် ခရီးသွားလုပ်ငန်း အနာဂတ်အလားအလာများအား ပြန်လည်သတ်မှတ်ခြင်း” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ Grand Final ပြိုင်ပွဲတို့သို့ ပါဝင်တက်ရောက်ခဲ့သည်။
ထို့နောက် ဆော်ဒီအာရေဗျနိုင်ငံ ရိရတ်ဒ်မြို့ရှိ King Abdulaziz International Conference Center ၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် TOURISE (တိုးရိုက်စ်) ခရီးသွားလုပ်ငန်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာများ တိုးတက်ပြောင်းလဲမှုအခြေအနေများအရ ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ကဏ္ဍစုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်းများ ပါဝင်ပြသမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ဒုတိယဝန်ကြီးသည် (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံ အစည်းအဝေးကာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကများအချင်းချင်းဆက်သွယ်ဆောင်ရွက်မှုနှင့် ခရီးသွားလုပ်ငန်း များစတင်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
အလားတူ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ပူးပေါင်းစျေးကွက်မြှင့်တင်ရေးအတွက် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ နားလည်မှုစာချွန်လွှာများ မူကြမ်းရေးဆွဲရေး၊ နှစ်ဖက်အတည်ပြုပြီး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး၊ သက်တမ်းကုန်ဆုံးနေသည့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက်များ သက်တမ်းတိုးမြှင့်ရေး၊ သက်တမ်းကြာမြင့်နေသည့် နားလည်မှုစာချွန်လွှာများကို နှစ်ဖက်ညှိနှိုင်းပြင်ဆင်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးများ ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် (၂၆)ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များကိုတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းသည်။ (၂၇) ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံအစည်းအဝေးများကို Dominican Republic နိုင်ငံမှ ၂၀၂၇ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
