ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိုးစပါးနှင့် အခြားသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိုးစပါးနှင့် အခြားသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / June 23, 2025

နေပြည်တော် ဇွန် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ဇွန် ၂၀ ရက် နံနက်ပိုင်းက ဟင်္သာတမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးရိပ်သာ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တာ/တမံများတောင့်တင်းခိုင်မာစေရေး၊ ရေကြီးနစ်မြုပ်မှု လျှော့ချနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေဘေးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပေါ့ဆမှုမရှိစေရေး၊ မိုးစပါးနှင့် အခြားသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အထွက်နှုန်းကောင်းသောမျိုးစေ့များ ပြောင်းလဲအသုံးပြုနိုင်ရေးနှင့် အရည်အသွေးကောင်းသော သွင်းအားစုများသုံးစွဲနိုင်ရေး၊ ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်နည်းပါးနိုင်ရေးအတွက် စက်ယန္တရားများ စနစ်တကျအသုံးပြုနိုင်ရေးစသည့် စိုက်ပျိုးမွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၂၅/၂ရှိ တာတမံအခြေအနေ၊ မြစ်ရေတက်ရောက်မှုနှင့် ရေဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ဆန်တန်းရေကင်းစခန်းနှင့် ဧရာဝတီဟင်္သာတတာ တာတိုင် ၃၅/၅ နှင့် ၃၆/၄ ကြားရှိ တာတမံကြိုတင်ပြုပြင်ခြင်းလုပ်ငန်းများ သတ်မှတ်ပုံစံပြည့်မီမှု၊ ရေလွတ်ပေါင်လုံလောက်မှု ရှိ မရှိအခြေအနေတို့ကိုစစ်ဆေးကာ မိုးရာသီအတွင်း တာတမံများတွင် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးသည့်နေရာများတွင် စက်ယန္တရားကြီးများ အဆင်သင့်စီစဉ် ထားရှိကြရန်၊ အရေးပေါ်သုံးပစ္စည်းများ အဆင်သင့်စုဆောင်းထားကြရန်၊ ရေဘေးကာကွယ်ရေးတာများတွင် တာ/တမံ/ရေတံခါးများ၏ ကြံ့ခိုင်လုံခြုံမှုကို ထိခိုက်စေနိုင်သောအခြေအနေများ ဖြစ်ပေါ်နေမှုရှိမရှိ အထူးအလေးထားပြီး အသေးစိတ်စစ်ဆေးကြရန် ဆွေးနွေးမှာကြားကာ ရေကင်းစောင့်ဝန်ထမ်းများကို အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ဧရာဝတီဟင်္သာတတာအနေဖြင့် စုစုပေါင်းတာမိုင်အလျား ၈၃ ဒသမ ၈၇ မိုင်ရှိ၍ ရေကင်းစခန်းများ စုစုပေါင်း ၂၂ ခုရှိပြီး ရေဘေးကာကွယ်ရေး ဧရိယာ ၃၃၉၃၈၁ ဧကကို ပုံမှန်တာလုပ်သား ဝန်ထမ်းများအပြင် မိုးရာသီကာလတာလုပ်သားများ ပါခန့်အပ်၍ ရေဘေးအန္တရာယ်မှ အထူးအလေးထား ကာကွယ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3202 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။
