ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ် နတ်မော်သမဝါယမအသင်းမှ တောင်သူများအား တွေ့ဆုံမှာကြား
ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ် နတ်မော်သမဝါယမအသင်းမှ တောင်သူများအား တွေ့ဆုံမှာကြား
Ministry of Information/ Naypyitaw / March 25, 2025
နေပြည်တော် မတ် ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာသို့ သွားရောက်ပြီး နတ်မော်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားအသင်းသူများနှင့် တွေ့ဆုံသည်။
မှာကြား
တွေ့ဆုံစဉ် သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ဆောင်ပေါ်ဆန်းစပါးမျိုး ပြန်လည်ထွန်းကားရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် မြေပဲ၊ နှမ်းများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားသည်။
ယင်းနောက် အသင်းသားအသင်းသူများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဧရာ့အားမန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အမှုဆောင်များနှင့်တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆိုင်ရာလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
