ဒုတိယဝန်ကြီး ဦးမြင့်စိုးတပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာအား သွားရောက်ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမြင့်စိုးတပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာအား သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 15, 2025

နေပြည်တော် ဧပြီ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာ(Smart Village)သို့ သွားရောက်၍ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးထားသော အမြင့်တင်ရေစင်၏ ငလျင်ဒဏ်ထိခိုက်မှုအခြေအနေနှင့် ကျေးရွာရေပေးရေးလုပ်ငန်းများ အဆင်ပြေမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာမူလတန်းလွန်ကျောင်းတွင် ကျေးရွာလူထုနှင့် တွေ့ဆုံ၍ နွေစပါးစိုက်ခင်းများ အောင်ရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး လာမည့်မိုးရာသီတွင် စိုက်ပျိုးမည့် မိုးမြေပဲဧက ၃၀၀ ကျော် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်၊ မိုးနှောင်းဝါ စိုက်ပျိုးရေးအတွက် RAKA-၆၆၆ ဝါမျိုးများလုံလောက်စွာရရှိရန်၊ မိုးစပါးကိုလည်း ပန်းတိုင်အထွက် နှုန်းရရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အေးချမ်းသာကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ သောက်သုံးရေ ဖြန့်ဝေပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါကျေးရွာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကိုဆောင်ရွက် ပေးခဲ့သောကျေးရွာဖြစ်ရာ အဆိုပါစီမံကိန်း လုပ်ငန်းစဉ်များ ထဲတွင်ပါဝင်သော စက်ရက်ကန်း အလုပ်ရုံကိုလည်းကောင်း၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်နေသာ စံပြဝက်မွေးမြူရေးခြံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ၎င်းတို့၏ နေထိုင် စားသောက်ရေး၊ ရေ၊ မီး အဆင်ပြေမှု ရှိ/ မရှိနှင့် အဆောင်လုံခြုံရေး ကိစ္စများအတွက် တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3135 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download