ဒုတိယဝန်ကြီး ဦးရဲတင့် နောင်ချိုမြို့ အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ


Ministry of Information/ Naypyitaw / August 17, 2025
image_latest


ပြင်ဦးလွင် ဩဂုတ် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လူငယ်ကဏ္ဍနှင့် ပညာရည်မြင့်မားရေး ဆွေးနွေးမှာကြားသည်။

ဆွေးနွေးပွဲသို့ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကကျကြောင်း၊ ပညာတတ်များဖြင့်သာ နိုင်ငံကိုတည်ဆောက်နိုင်ကြောင်း၊ ပြည်သူများ လိုလား တောင့်တသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် ပညာနိမ့်ပါးသူများဖြင့် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော် အကြီးအကဲကလည်း အခါအခွင့်သင့်တိုင်း ကျောင်းသား ကျောင်းသူများအား အတန်းအောင်ရုံသာ ပညာသင်ကြားပေး ရန်မဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာ ဆိုင်ရာ ဗဟုသုတများရရှိစေရေး စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန် ခွဲခြားသုံးသပ်နိုင်ကြရေး၊ နိုင်ငံသားကျင့်ဝတ်နှင့် လူမှုကျင့်ဝတ်များကိုပါ သင်ကြားပေးရေး လမ်းညွှန်မှာကြားလျက်ရှိ ကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသည့် ဆောင်ပုဒ်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသည့် ရည်မှန်းချက်များနှင့်အညီ ဘက်စုံထူးချွန်သော ဗလငါးတန်ပြည့်ဝသော နိုင်ငံအတွက် အားထားရမည့် လူကောင်းလူတော်များဖြစ်အောင် လေ့ကျင့်သင်ယူ ကြရန်လိုကြောင်းမှာကြားသည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများသာမက အသိပညာနှင့် ဗဟုသုတအတွက် စာပေများ လေ့လာဖတ်ရှုရေး၊ စည်းကမ်းဥပဒေများကို လိုက်နာ တတ်အောင် လေ့ကျင့်နေထိုင်ရေး၊ ဘဝပျက်စီးစေမည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ရှားရေး၊ နိုင်ငံတော်က ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်၊ မကြာမီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆရာ ဆရာမများ၊ လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲမဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးနေသူများအား ဖော်ထုတ်ကာကွယ် ထိန်းသိမ်းရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အခြေခံပညာကျောင်းများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှလှူဒါန်းသော သုတ၊ ရသစာအုပ်များနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှပေးပို့သော အားကစားဆိုင်ရာပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးသင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ယင်း​နောက် ​နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ​မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ​နောင်ချိုထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်​ဆေးပြီး လုပ်ငန်းများ ပြန်လည်စတင်​ဆောင်ရွက်နိုင်​ရေး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကျေပွန်ကြရေး၊ လုပ်ငန်းများ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ရေး၊ မကြာမီပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန်ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြင်ဦးလွင်ထပ်ဆင့် လွှင့်စက်ရုံ၌ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3257 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download