ဒုတိယဝန်ကြီး ဦးလူမွန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်
ဒုတိယဝန်ကြီး ဦးလူမွန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်
Ministry of Information/ Naypyitaw / June 11, 2025
နေပြည်တော် ဇွန် ၁၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလူမွန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ဇွန် ၅ ရက်မှ ၆ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဇွန် ၅ ရက်က ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ Dmitry Yuryevich Grigorenko ၊ Nizhny ဒေသအုပ်ချုပ်ရေးမှူးမစ္စတာ Gleb Nikitin နှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ဖိုရမ်ကျင်းပစဉ်ကာလအတွင်း ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆက်သွယ်ရေးနှင့် မီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ Bella Cherkesova နှင့် အလုပ်သဘောသီးခြားတွေ့ဆုံ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်၊ ဒေသတွင်း နည်းပညာကွာဟမှုလျှော့ချရေးအပါ အဝင်အဆင်သင့်ဖြစ်မှု၊ အားသာချက်နှင့် စိန်ခေါ်မှုတို့နှင့် ရုရှား - မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ Sergey Vershinin ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် သီးခြားဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက် ရောက်ပြီး ပြခန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
ဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တက်ရောက်လာကြသည့်နိုင်ငံများမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်
Newspaper - 3469 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
