ဒုတိယဝန်ကြီး ဦးဝင်းရှိန် သက်ကြီးရွယ်အို စောင့်ရှောက်ရေးသင်တန်းနှင့် ဂျပန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဦးဝင်းရှိန် သက်ကြီးရွယ်အို စောင့်ရှောက်ရေးသင်တန်းနှင့် ဂျပန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / August 29, 2025

ရန်ကုန် ဩဂုတ် ၂၈
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Waku Waku Japanese Language Academy သို့ သွားရောက်၍ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းနှင့် ဂျပန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ရေးအတွက် ပုဂ္ဂလိကသင်တန်းကျောင်းများအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေး၍ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းဆင်းများကို ပြည်တွင်း/ပြည်ပ အလုပ်အကိုင်များ တိုးတက်ရရှိစေရေးသင်တန်းကျောင်း အသိအမှတ်ပြုလျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်မှုများအပြင် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ သိရှိလိုက်နာရေး၊ သင်တန်းများတွင် အလေးထားသင်ကြားပေးရန်နှင့် သင်တန်းသားများအနေဖြင့် ကျိုးနွံစိတ်ဖြင့် လေ့လာသင်ယူရန်၊ ဂျပန်ဘာသာစကားကို တတ်ကျွမ်းစေရေးလေ့လာသွားကြရန်နှင့် မိသားစုနှင့် နိုင်ငံအပေါ် အကျိုးပြုနိုင်သော ကျွမ်းကျင်လုပ်သားများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သင်္ဃန်းကျွန်းကျောင်းခွဲ၌ ဂျပန်ဘာသာစကားသင်တန်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းကို ဖွင့်လှစ်ပေးခဲ့ရာ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ အလုပ်သမား ၉၈၄ ဦးအား ဂျပန်နိုင်ငံသို့ စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ (အရှေ့ပိုင်း) နှင့် (အနောက်ပိုင်း) မြို့နယ်များရှိ Bogart Lingerie (Yangon) Co.,Ltd (အထည်ချုပ်) စက်ရုံ၊ Saiform International Garment (Myanmar) Co.,Ltd (အထည်ချုပ်) စက်ရုံနှင့် Dishang Fashion (Myanmar) Co.,Ltd (အထည်ချုပ်) စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
