ဒုတိယဝန်ကြီး ဦးဝင်းရှိန် Knowledge Management and Dedication (KMD) Training Center တွင် IT ပိုင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှု
ဒုတိယဝန်ကြီး ဦးဝင်းရှိန် Knowledge Management and Dedication (KMD) Training Center တွင် IT ပိုင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှု
Ministry of Information/ Naypyitaw / September 20, 2024
ရန်ကုန် စက်တင်ဘာ ၁၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်းအမှတ် (၃၃၁) ရှိ Knowledge Management and Dedication (KMD) Training Center ၌ IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
စတင်တည်ထောင်
ထိုသို့ကြည့်ရှုစဉ် သင်တန်းကျောင်းတာဝန်ခံက Knowledge Management and Dedication (KMD) Company Limited ကို ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ရှိ KMD Training Center သုံးခုသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အသိအမှတ်ပြုသင်တန်းကျောင်းအဖြစ် အသိအမှတ် ပြုလက်မှတ်ရရှိထားမှု၊ စမ်းချောင်းမြို့နယ်ရှိ KMD Training Center ကို ၂၅-၁၀-၂၀၂၅ ရက်နေ့ထိ သက်တမ်းတိုးထားမှု၊ သင်တန်းကျောင်းတွင် Office Course (Basic Computer)၊ Graphic Design Course၊ Excel in Business Application၊ Practical A+၊ Software Engineering နှင့် Java Programming သင်တန်းများပို့ချပေးနေမှု၊ KMD သင်တန်းကျောင်း အနေဖြင့် အဝေးသင်တက္ကသိုလ်နှင့် ပူးပေါင်း၍ Network Diploma၊ Web Design Diploma နှင့် Business Diploma များ သင်ကြားပေးနေမှု၊ University of Greenwich၊ NCC Education စသည့် အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်များ၊ ၂၀၂၄ ခုနှစ်အတွင်း သင်တန်းသားဦးရေ ၁၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက KMD Training Center တွင် သင်ကြားလျက်ရှိသည့် သင်တန်းများသည် လူငယ်များကို ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိစေရေး အထောက်အကူပြုသည့်သင်တန်းများဖြစ်ပြီး အချိန်တို၊ ကာလတိုအတွင်း တက်ရောက်နိုင်သည့် သက်မွေးပညာသင်တန်းများဖြစ်၍ သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သဖြင့် လူငယ်လူရွယ်များကို IT ပညာ ရပ်များဖြင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် သင်တန်းသားများ ပညာရေးဆုံးခန်းတိုင်ပြီးဆုံးစေရန် ပေါင်းကူးချိတ်ဆက်ပေးနိုင်မည့် နည်းလမ်းများဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ ပံ့ပိုးကူညီပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3518 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
